အီရန်နှင့်အီရတ် နိုင်ငံတို့ကို ဖြတ်သန်းပျံသန်းသည့် နိုင်ငံတကာလေကြောင်းလိုင်းခရီးစဉ်များ ဖျက်သိမ်း

၉ ဇန်နဝါရီ

 

အီရန်နိုင်ငံက အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းနှစ်ခုကို  ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသကို ဖြတ်သန်းပျံသန်းသည့် နိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်များ ဖျက်သိမ်းခြင်း၊ လေယာဉ်များ လမ်းကြောင်းပြောင်းခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

 

ယမန်နေ့ကတိုက်ခိုက်မှုသည် အမေရိကန်လေယာဉ်များအား အီရန်နှင့်အီရတ်နိုင်ငံတို့၏ လေပိုင်နက်များမှ ဖြတ်ကျော် ပျံသန်းခွင့်ကို အမေရိကန်ပြည်ထောင်စု လေကြောင်းအုပ်ချုပ်ရေးအဖွဲ့က ပိတ်ပင်ခြင်း ကိုဖြစ်ပေါ်စေခဲ့သည်။

 

5

 

အခြားသော လေကြောင်းလိုင်းများဖြစ်သည့် Air France-KLM နှင့် Lufthansa တို့သည် ယင်းဒေသတွင်း လေကြောင်းလိုင်းအားလုံး ပျံသန်းမှုကို ရပ်ဆိုင်းထားခဲ့သည်။

 

အီရန်နှင့်အီရတ်နိုင်ငံတို့သည် ဉရောပသို့သွားရာ လမ်းကြောင်းပေါ်တွင်ရှိသဖြင့် အထူးသဖြင့် အရှေ့တောင်အာရှ မှ ခရီးသွားများအတွက် ခက်ခဲသည့် အနေအထားဖြစ်သည်။

 

မလေးရှားနှင့်စင်္ကာပူ လေကြောင်းလိုင်းများသည် ပုံမှန်ပျံသန်းမှုလမ်းကြောင်း ပြောင်းသည့်  လေကြောင်းလိုင်းများတွင် ပါဝင်သည်။

 

ကိုးကား- အန်အိတ်ချ်ကေ

ဘာသာပြန်- မြင့်မြင့်ချို