အီရန်တွင် ထောင်နှင့်ချီသော ဆန္ဒပြသမားများကို ဖမ်းဆီးထိန်းသိမ်း

၂၉ နိုဝင်ဘာ

 

ယခုလလယ်ပိုင်းကတည်းကဖြစ်ပွားနေသည့် အစိုးရဆန့်ကျင်သောဆန္ဒပြပွဲများမှ ထောင်နှင့်ချီသော ဆန္ဒပြသမားများကို လုံခြုံရေး အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု အီရန်မီဒီယာ က ဆိုသည်။

 

8

 

ပြီးခဲ့သည့် သီတင်းပတ်နှစ်ပတ်က ၅၀ ရာခိုင်နှုန်းထက်မနည်း ဓါတ်ဆီဈေးနှုန်း ရုတ်တရက်မြင့်တက်ခဲ့ပြီးနောက် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။

 

နိုင်ငံပိုင်သတင်းအေဂျင်စီ က ထိုဆန္ဒပြပွဲများတွင် လူပေါင်း ၁၃၀၀၀၀ မှ ၂၀၀၀၀၀ အကြား ပါဝင်သည်ဟု အစိုးရက ခန့်မှန်းကြောင်း ဗုဒ္ဓဟူးနေ့က ဖော်ပြခဲ့သည်။

 

အဆိုပါ ဆန္ဒပြပွဲများကြောင့် အစိုးရအဆောက်အဦ ၁၄၀ နှင့် စစ်ဘက်ဆိုင်ရာ အဆောက်အအုံ ၅၀ ကျော် ပျက်စီးခဲ့ကြောင်း ထိုအေဂျင်စီက ဆိုသည်။

 

6

 

ဆန္ဒပြသူ ၇၀၀၀ ခန့် ကို ဖမ်းဆီးခဲ့သည်ဟူသော ပါလီမန်အမျိုးသားလုံခြုံရေးကော်မတီ အဖွဲ့ဝင်တစ်ဦး ၏ပြောကြားချက်ကို ကိုးကားကာ အခြား အီရန်မီဒီယာက ဖော်ပြခဲ့သည်။

 

ဆန္ဒပြပွဲများ ဖြစ်လျှင်ဖြစ်ခြင်း အင်တာနက်အသုံးပြုခွင့်ကို အစိုးရက ကန့်သတ်ခဲ့သော်လည်း ကြာသပတေးနေ့ကစပြီး မြို့တော် တီဟီရန် အပါအဝင် အချို့မြို့များတွင် အင်တာနက်အသုံးပြုမှု ကန့်သတ်ချက်ကို တဖြည်းဖြည်း လျှော့ချခဲ့သည်။

 

5

 

ထိုမငြိမ်သက်ဖြစ်မှုများ ကို ထိန်းချုပ်ထားခဲ့သည်ဟု အစိုးရက အလေးပေးပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ စီးပွားရေးပိတ်ဆို့မှုကြောင့် အီရန်နိုင်ငံတွင် ဈေးနှုန်းများ တစ်ရှိန်ထိုး မြင့်တက်လာကာ ပြည်သူတို့၏ လူမှုဘဝများ ပိုမိုခက်ခဲလာသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို