အီရတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် သေဆုံးသူ ဦးရေ ၃၀ဝ ကျော်ရှိ

၁၁ နိုဝင်ဘာ

 

တစ်လကြာ ဖြစ်ပွားသော အီရတ် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများကြောင့် သေဆုံးသူ ဦးရေ ၃၀ဝ ကျော် ရှိသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အီရတ် အဆင့်မြင့်ကော်မရှင် က ဆိုသည်။

 

အကျင့်ပျက် ခြစားမှုနှင့် အလုပ်လက်မဲ့ မြင့်မားမှုတို့ကြောင့် ပြည်သူများသည် နိုင်ငံတောင်ဘက် အလယ်ပိုင်း ဒေသရှိ မြို့များနှင့်မြို့တော် ဘဂ္ဂဒက်တွင် အောက်တိုဘာ အစောပိုင်းက စတင်ကာ လမ်းပေါ်ထွက် ဆန္ဒပြနေကြသည်။

 

နိုင်ငံခြား သံရုံးများနှင့် အစိုးရ အဆောက်အဦးများ တည်ရှိရာ နေရာကို ဆက်သွယ်ထားသည့် တံတားများ အနီးတွင် ဆန္ဒပြသမားများနှင့် လုံခြုံရေးတပ်ဖွဲ့များ ပဋိပက္ခဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် စနေနေ့က လေးဦးထက်မနည်း သေဆုံးခဲ့သည်။

 

အဆိုပါ ဆန္ဒပြပွဲများ ဖြစ်ပွားမှုကြောင့် ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များ သေဆုံးမှု ၃၁၉ ဦး ရှိပြီဖြစ်ကြောင်းနှင့် အခြားဒဏ်ရာ ရရှိသူပေါင်း ၁၅၀ဝ၀ ခန့်ရှိကြောင်း ထိုကော်မရှင် က ဆိုသည်။

 

ထိုဆန္ဒပြပွဲများ အဆုံးသတ်မည့် လက္ခဏာ မရှိသေးကြောင်း ဖော်ပြထားသည်။

 

နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခြင်းဖြင့် ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို တုံ့ပြန်မည်ဟု အီရတ်အစိုးရက ပြောကြားသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို