စက်တင်ဘာ ၂၈
အီရတ်နိုင်ငံမြောက်ပိုင်း ကာကတ်ခ်ပြည်နယ်ရှိ မင်္ဂလာဆောင်တစ်ခုတွင် ယမန်နေ့ညနေပိုင်းက အစားအသောက်များ ပုပ်သိုးမှုကြောင့် လူ ၅၀ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့ကြောင်း အီရတ်သတင်းအေဂျင်စီ (အိုင်အင်န်အေ)က ဖော်ပြထားသည်။
အဆိုပါမတော်တဆမှုသည် ကိုနိုမီနယ်ပြည်နယ် ကာကတ်ခ်မြို့၏အနောက်ဘက်ဟာဝီဂျာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထိုပြည်နယ်ကျန်းမာရေးအကြီးအကဲ ဇီရတ်ကာလတ်ဖ်က ပြောကြားသည်။
ထိုအစာအဆိပ်သင့်လူနာများအားလုံးသည် ဆေးရုံတွင် လိုအပ်သောဆေးကုသမှုများခံယူလျက်ရှိပြီး စိုးရိမ်ဖွယ်ရာမရှိကြောင်း ကာလတ်ဖ်ကပြောသည်။
အီရတ်နိုင်ငံမြောက်ပိုင်း နီနက်ဗက်ပြည်နယ်တွင် စက်တင်ဘာ ၂၆ ရက်ညပိုင်းက လူပေါင်း ၁၁၄ ဦး သေဆုံးခဲ့ပြီး လူ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သော မင်္ဂလာခန်းမမီးလောင်မှုဖြစ်ပွားခဲ့ပြီး နောက်တစ်နေ့ ကာကတ်ခ်ပြည်နယ်ရှိ မင်္ဂလာဆောင် တစ်ခုတွင် အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို