အီရတ်နိုင်ငံ၌ ၂၀၂၇ ခုနှစ်တွင် တစ်နေ့လျှင် ရေနံစည် ရှစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်မည်

ဘဂ္ဂဒက် ဇွန် ၂၁

 

အီရတ်နိုင်ငံသည် ၂၀၂၇ ခုနှစ်၌ တစ်နေ့လျှင် ရေနံစည် ရှစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်သွား ရန်ဆောင်ရွက်မည်ဖြစ်ကြောင်း အီရတ်ရေနံဆိုင်ရာ ဝန်ကြီးအိုင်ဇန်အဒူဂျာဗားက ‌ပြောကြားသည်။

 

မိမိတို့နိုင်ငံအတွင်း ရေနံထုတ်လုပ်မှုပမာဏကို မြှင့်တင်နိုင်ရန်အတွက် စီမံကိန်းများ ချမှတ် ဆောင်ရွက်နေကာ ၂၀၂၇ ခုနှစ်တွင် နိုင်ငံအတွင်း တစ်နေ့လျှင် ရေနံစည် ရှစ်သန်းထုတ်လုပ်သွားနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ နိုင်ငံတောင်ပိုင်း ဘာဆာပြည်နယ်တွင် ရေနံ ထုတ်လုပ်ရေး စီမံကိန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောကြားသည်။

 

နိုင်ငံအတွင်း ဇွန်လနှင့် ဇူလိုင်လများတွင် တစ်နေ့လျှင် ရေနံစည် ၃ ဒသမ ၈ သန်း ထုတ်လုပ်ခဲ့ကြောင်း သိရသည်။ ကမ္ဘာပေါ်တွင် လောင်စာဆီဈေးများည်ငြိမ်ရန်အတွက် အိုပက်အဖွဲ့က ရေနံ
ထုတ်လုပ်
မှုများ မြှင့်တင်ခဲ့သည်။ အီရတ်နိုင်ငံ၏ ဝင်ငွေအများအပြားကို ရေနံရောင်းချခြင်းမှရရှိသည်။

 

ကိုးကား-ဆင်ဟွာ၊

ဘာသာပြန်-စိုးသူရ