အီရတ်နှင့်ဆီးရီးယားရှိ စစ်သွေးကြွများအပေါ် အမေရိကန်၏တိုက်ခိုက်မှုများကို အီရန် ဝေဖန်

အီရန်နိုင်ငံက ကျောထောက်နောက်ခံပြုထားသည့် ပြည်သူ့စစ်အဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်သည့်  အီရတ်နှင့် ဆီးရီးယားနိုင်ငံများရှိ အမေရိကန်တပ်ဖွဲ့များ၏ စစ်ရေးအရ တိုက်ခိုက်မှုများကို အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင်ရှုတ်ချလိုက်သည်။

 

အဆိုပါထုတ်ပြန်ချက်တွင်  တနင်္ဂနွေနေ့က  အမေရိကန်တပ်ဖွဲ့များသည် နေရာငါးနေရာအား တိုက် ခိုက်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဂျိုနက်သန်ဟော့မင်းက ထုတ် ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

 

အဆိုပါတိုက်ခိုက်မှုမှာ  အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားသည့် အီရတ်နိုင်ငံမြောက်ပိုင်း စစ်ဘက်အခြေစိုက်စခန်းအပေါ် သောကြာနေ့အတွင်းက ဒုံးကျည်များဖြင့်  တိုက်ခိုက်ခဲ့ခြင်းကြောင့် လက်တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၄င်းကဆိုသည်။

 

Kataib Hezbollahသည် အီရန်တပ်များနှင့် အခိုင်အမာ ပတ်သက်မှုရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စု၏ အကြမ်းဖက်လုပ်ရပ်သည် ပိုမို ထင်ရှားနေကြောင်း ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Abbas Mousaviက ယမန်နေ့က ပြောကြားခဲ့သည်။

 

အီရန်နိုင်ငံနှင့် ၎င်းတို့၏ ကိုယ်စားလှယ်တပ်ဖွဲ့များက အမေရိကန်နှင့် ညွှန့်ပေါင်းတပ်ဖွဲ့များအား တိုက်ခိုက်မှုကို ရပ်တန့်ရမည်ဖြစ်ကြောင်း ဝါရှင်တန်က အစောပိုင်းကတည်းက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

 

54

 

အမေရိကန်ပြည်ထောင်စု၏ တရားမဝင်လုပ်ရပ်အတွက် အကျိုးဆက်များကို တန်ပြန်ခံစားရမည်ဖြစ်ကြောင်း အီရန်နိုင်ငံက တုံ့ပြန်ခဲ့သည်။

 

အီရန်နိုင်ငံသည် စစ်သွေးကြွအုပ်စုများအား ထောက်ပံ့မှု ပိုမိုပေးဖွယ်ရှိခြင်းကြောင့် အမေရိကန်နိုင်ငံ နှင့် တင်းမာမှုများ ပိုမိုမြင့်တက်လာနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။

 

ကိုးကား-အန်အိတ်ခ်ျကေ

ဘာသာပြန်-မေဇော်ထက်