အီရတ်ရှိ အမေရိကန် အခြေစိုက်စခန်းတွေကို အီရန်လက်တုံ့ပြန်တိုက်ခိုက်

၈ ဇန်နဝါရီ

 

အီရတ်နိုင်ငံရှိ အမေရိကန်အခြေစိုက်စခန်းနှစ်ခုကို ဒီကနေ့(ဗုဒ္ဓဟူးနေ့)မှာ အီရန်နိုင်ငံက ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဝါရှင်တန်နဲ့ တီဟီရန်တို့က ပြောကြားပါတယ်။ အီရန်ဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို ပြီးခဲ့သောကြာနေ့က အမေရိကန်နိုင်ငံက ဒရုန်းအသုံးပြုပြီး တိုက်ခိုက်မှုကြောင့်သေဆုံးမှု လက်စားချေတုံ့ပြန်မယ်လို့ ကြေညာအပြီးမှာ အခုလို တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

 

2

 

အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်က အမေရိကန်နဲ့ မဟာမိတ် အခြေစိုက်လေတပ်စခန်းနှစ်ခုကို အီရန်နိုင်ငံဘက်က ဒုံးကျည်ပေါင်း တစ်ဒါဇင်ကျော်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်း၊ အပျက်အစီးတွေ လေ့လာနေဆဲ ဖြစ်ကြောင်း၊ နှစ်နိုင်ငံကြားက တင်းမာမှု ပိုမိုပြင်းထန်လာတဲ့အတွက် သတိကြီးကြီးထားဖို့ လိုအပ်ကြောင်း၊ အခုတင်းမာမှုကနေ စစ်ပွဲဖြစ်တဲ့အထိ စိုးရိမ်ရကြောင်း  ပင်တာဂွန်က ပြောကြားပါတယ်။

 

အီရတ်နိုင်ငံတွင်းမှာ အမေရိကန် နဲ့ မဟာမိတ်တွေရဲ့ အခြေစိုက်စခန်း ငါးခုရှိရာမှ နှစ်ခုကို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ စခန်းနှစ်ခုထဲက အယ်အဆတ် လေတပ်အခြေစိုက်စခန်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာက သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဇနီးတို့ သွားရောက်လည်ပတ်ဖူးပါတယ်။

 

အီရန် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ အမေရိကန်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခြင်းဟာ အီရန် ဗိုလ်ချုပ်ကြီး ဆူလေမာနီကို လုပ်ကြံသတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ကြေညာသွားပါတယ်။

 

အီရန် ကတ်တပ်ဖွဲ့(IGRC) ကလည်း အမေရိကန် လေတပ်အခြေစိုက်ခန်းကို ဒုံးကျည်ပေါင်း များစွာနဲ့ တိုက်ခိုက်ခိုက်တာဟာ အမေရိကန်ကို လက်တုံ့ပြန်တဲ့ တိုက်ခိုက်မှုဖြစ်တယ်။ ဒီထက်မကတဲ့ တုံ့ပြန်မှုနဲ့ လည်း တွေ့ရနိုင်တယ်။ အမေရိကန်ရဲ့ မဟာမိတ်အစိုးရတွေနဲ့ အစ္စရေးနိုင်ငံကို တိုက်ခိုက်လာနိုင်ကြောင်း ခြိမ်းခြောက်ပြောဆိုပါတယ်။

 

အမေရိကန်ပြည်သူတွေကိုလည်း အမေရိန်စစ်သားတွေရဲ့ အသက်တွေ ဆုံးရှုံးမှု မရှိအောင် အရှေ့အလယ်ပိုင်းမှာ ချထားတဲ့ အမေရိကန်စစ်တပ်တွေကို ပြန်ခေါ်ရန် (IGRC) ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

7

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ထုတ်ပြန်ချက်ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ဖို့ မျှော်လင့်ရပါပေမယ့် အီရန်ရဲ့ ထုတ်ခိုက်မှုအပေါ် သမ္မတရဲ့ တွစ်တာကနေ အပျက်အစီးစာရင်းကို ကောက်ယူနေဆဲဖြစ်တယ်။ အခုချိန်ထိ အကောင်းဆုံးဖြစ်နေတယ်။ ကမ္ဘာပေါ်မှာ အမေရိကန်စစ်တပ်ဟာ အင်အားအကောင်းဆုံးနဲ့ အကောင်းဆုံးစစ်လက်နက်တွေ တပ်ဆင်ထားတာဖြစ်တယ်။ မနက်ဖြန်မှာ ထုတ်ပြန်ချက် တစ်ခု ကြေညာမယ်လို့ ရေးသားထားပါတယ်။

 

အီရန်ဗိုလ်ချုပ်ကြီး အသတ်ခံရပြီးနောက်ပိုင်းမှာ ကူဝိတ်မှာ စေလွှတ်ထားတဲ့ ကနေဒါ စစ်သား ၅၀၀ လောက်ကို ပြန်လည်ခေါ်ယူမယ်လို့ ကနေဒါက ထုတ်ပြန်သလို၊ နေတိုးတပ်ဖွဲ့ကလည်း အီရတ်နိုင်ငံတွင်းက လေ့ကျင့်ရေးသင်တန်းတွေကို ရပ်ဆိုင်း လိုက်ကြောင်း ပြောပါတယ်။ အလားတူ ဂျာမနီနဲ့ ရိုမေးနီးယား နိုင်ငံတွေအပါဝင် နိုင်ငံတချို့က အီရတ်မှာ စေလွှတ်ထားတဲ့ စစ်သားတွေကို ပြန်လည်ခေါ်ယူလို့ ထုတ်ပြန်ပြောဆိုပါတယ်။ ဒါပေမယ့် ပြင်သစ်နဲ့အီတလီ နိုင်ငံတွေကတော့ အီရတ်မှာ ရောက်ရှိနေတဲ့ သူတို့စစ်သားတွေကို ပြန်ခေါ်ဖို့ မရှိသေးကြောင်း အသီးသီးထုတ်ပြန်ပြောဆိုကြပါတယ်။

 

58

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရတ်ရှိ အမေရိကန်စစ်သားတွေကို ပြန်ခေါ်ချင်ပေမယ့် အခုအခြေအနေမှာတော့ မဖြစ်နိုင်သေးကြောင်း၊ တကယ်လို့ ပြန်ခေါ်ခဲ့မယ်ဆိုရင် အီရန်အတွက် အခြေကုတ်စခန်း ဖြစ်လာနိုင်ပြီး အီရတ်အတွက် အဆိုးဆုံးဖြစ်သွားနိုင်တယ်လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားပါတယ်။

 

MDN

ကိုးကား -AFP