အီရတ်ရှိ အမေရိကန်လေတပ်စခန်းကို အီရန်တို့ ဒုံးကျည်ဖြင့် ပစ်ခတ်မှု ဖြစ်စဉ်အကျဉ်း

၁၅ ဇန်နဝါရီ

 

အီရတ်နိုင်ငံရှိ အိန်အယ်အာဆတ် (Ain Al-Asad) အမေရိကန် လေတပ်စခန်းကိုပြီးခဲ့တဲ့ သီတင်းပတ် အတွင်းက အီရန်က ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပါတယ်။ အဲဒီလေတပ်စခန်းမှာ အမေရိကန်စစ်သား ၁၅၀ဝ နီးပါး တပ်ချထားကြောင်း သိရပါတယ်။

 

520

 

ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှု ဖြစ်စဉ်အကျဉ်းမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

ဇန်နဝါရီ ၇ အင်္ဂါနေ့

ည ၉ နာရီတွင် စခန်းရှိတာဝန်ရှိသူတွေက အဲဒီနေ့ ညနေပိုင်းမှာ တိုက်ခိုက်ခံရမယ်လို့ သတင်းရရှိတဲ့အတွက် အပျက်အစီးအနည်းဆုံးဖြစ်အောင် စီစဉ်ကြပါတယ်။ ည ၁၁ နာရီမှာ အားလုံး ဗုံးခိုကျင်းမှာ ရောက်နေရမှာဖြစ်ပြီး ကျင်းထဲမှာ ဘယ်လောက်ကြာကြာနေရနိုင်တယ်ဆိုတာ မသိသေးတဲ့အတွက် လူတိုင်းအနွေးထည်ထူထူကို ဝတ်ဆင်ဖို့လိုအပ်ကြောင်း မှာကြားတယ်လို့ သိရပါတယ်။

 

ဇန်နဝါရီ ၈  ဗုဒ္ဓဟူးနေ့

 

နံနက် ၁:၃၅ နာရီတွင် မီးတောက်တွေကို စတင်တွေ့လိုက်ပါတယ်။ အဲဒီအချိန်မှာ ဗုံးခိုကျင်းအတွင်းမှာ စစ်သားအများစုရှိနေပြီး တချို့သာစောင့်ကြည့်ရေးစင်များမှာ တာဝန်ချထားပါတယ်။

 

54

 

နံနက် ၁:၄၂ နာရီတွင် ဒုတိယအကြိမ် ဒုံးကျည်တွေကျရောက်ရာ ပထမအကြိမ်ထက် အင်အား ပြင်းထန်ကြောင်း ဗုံးခိုကျင်းထဲကနေတောင် ခံစားရကြောင်း၊ တစ်မိနစ်နဲ့ ၃၀ စက္ကန့်အတွင်းမှာ ဒုံးကျည် ၃လုံးကနေ ၄ လုံးအထိနဲ့ ပစ်ခတ်ခံခဲ့ရကြောင်း၊ နံနက် ၂:ဝ၆ နာရီတွင် တတိယအကြိမ် ဒုံးကျည်တွေနဲ့ အပစ်ခံခဲ့ရကြောင်း၊ နံနက် ၄ နာရီ ဝန်းကျင်မှာ စစ်သားတွေကို ဗုံးခိုကျင်းကနေ ထွက်ခွာခွင့်ပြုပြီး ဒုံးကျည်ပစ်ခတ် ခံရတဲ့ အပျက်အစီးများကို စတင် စစ်ဆေးကြောင်း၊ နံနက် ၇ နာရီတွင် နေရောင်ခြည်နဲ့အတူ စစ်သားတွေဟာ စခန်းဝန်းကျင်မှာ သက်တောင့်သက်သာ နေနိုင်ခဲ့ကြောင်း၊ နံနက် ၉ နာရီ တွင် စစ်တပ်ရဲ့ ဒုံးကျည်စောင့်ကြည့်ရေးတပ်ဖွဲ့က စခန်းကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ စောင့်ကြည့်ရေးတပ်ဖွဲ့ဟာ အီရန်ရဲ့တိုက်ခိုက်မှု ပြုလုပ်နေစဉ်အတွင်း ကောင်းကင်ယံမှာ ပျံဝဲနေကြောင်း သိရပါတယ်။

 

6389

 

ပစ်ခတ်မှုဒဏ်ကို အနည်းဆုံးနေရာ ၁၄ ခုမှာ ခံခဲ့ရပြီး အပျက်အစီးများကို စုဆောင်းပြီး လေ့လာမှုတွေ ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

 

963520147

 

MDN

ကိုးကား - AFP