အီသီယိုးပီးယား၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၄၃၂ ဦး ထပ်မံတွေ့ရှိ

မေ ၁၇

 

အီသီယိုးပီးယားနိုင်ငံတွင် လွန်ခဲ့သည့်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၃၂ ဦး ထပ်မံတွေ့ရှိခဲ့သောကြောင့် ကူးစက်ခံရသူပေါင်း ၂၆၆၂၆၄ အထိ ရှိလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၉၉၆ ဦး အထိရှိလာသည်။

 

ဆေးကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူပေါင်း ၂၁၉၅၆၆ ဦးရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကတွင် ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး အရှေ့အာဖရိကဒေသတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ကူးစက်ခံရသူဦးရေ အများဆုံးဖြစ်သည်။

 

ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ အီသီယိုးပီးယားနိုင်ငံ၌ လက်ရှိအခြေအနေတွင် ရောဂါကူးစက်သူဦးရေ ၄၂၇၀၀ ရှိသည့်အနက် ၅၈၂ ဦးသည် ကျန်းမာရေးအခြေအနေဆိုးရွားလျက်ရှိသည်။

 

အီသီယိုးပီးယားနိုင်ငံသည် အာဖရိကနိုင်ငံများအနက် တောင်အာဖရိက၊ မော်ရိုကိုနှင့် တူနီရှားနိုင်ငံတို့ပြီးလျှင် ရောဂါကူးစက်မှုအမြင့်မားဆုံးနိုင်ငံ ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို