အီတလီနိုင်ငံတွင် ၆ လ ကျော်ပိတ်ထားတဲ့ ကျောင်းတွေပြန်ဖွင့်ပြီ

၁၄ စက်တင်ဘာ

 

အီတလီနိုင်ငံက သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေဟာ ဒီနေ့ (တနင်္လာနေ့)မှာတော့ ကျောင်းတွေ ပြန်ဖွင့်နေတဲ့အတွက် စာသင်ခန်းတွေဆီကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် ကျောင်းတွေ ၆ လကျော်ပိတ်ထားခဲ့ပါတယ်။ 

 

အီတလီနိုင်ငံက ကျောင်းတချို့ဟာ  ဒီလအစောပိုင်းမှာ ပြန်ဖွင့်ခဲ့တာကို တွေ့ရပါတယ်။ အီတလီနိုင်ငံမှာ စုစုပေါင်း ကျောင်းသားဦးရေ ၈ သန်းရှိတဲ့အနက် ဒီနေ့ကျောင်းပြန်ဖွင့်တဲ့အတွက် ကျောင်းကို ပြန်ရောက်ရှိလာသူ ၅.၆ သန်း လောက်ရှိကြောင်း သိရပါတယ်။ 

 

အီတလီနိုင်ငံဟာ ဉရောပမှာ ပထမဦးဆုံး ဗိုင်းရပ်စ်ပိုးဒဏ် ခံရတဲ့နိုင်ငံဖြစ်ပြီး ကပ်ရောဂါကြောင့် သေဆုံးသူဟာ ၃၅,၅၀၀ ဦးနဲ့ ပိုးတွေ့ရှိသူ ၂၈၀,၀၀၀ ရှိကြောင်း သိရပါတယ်။ 

 

အီတလီဝန်ကြီးချုပ်က ကျောင်းတွေမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရကြောင်း၊ အဲဒီအခက်အခဲတွေထဲမှာ ဆရာ/ဆရာမ မလုံလောက်မှု၊ တစ်ယောက်ထိုင် ထိုင်ခုံနဲ့ ခွဲစိတ်ခန်းသုံး မျက်နှာဖုံး မလုံလောက်မှုတွေနဲ့ ရင်ဆိုင်နေရကြောင်း မနေ့က ပြောကြားပါတယ်။ 

 

ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တွင် အခက်အခဲတွေက အစပိုင်းမှာ  ကြုံရမှာဖြစ်ကြောင်း၊ ဆရာ/ဆရာမတွေကို အလေးပြု အရိုအသေပေးကြောင်း၊ အွန်လိုင်းကနေ သင်ကြားမှုတွေ ပြုလုပ်ပေးတဲ့ စွမ်းအားတွေကို အသိအမှတ်ပြုကြောင်း ရေးသားထားပါတယ်။ 

 

အီတလီနိုင်ငံမှာ အခုရက်ပိုင်းအတွင်း နေ့စဉ် ပိုးတွေ့ရှိသူ အရေအတွက် ၁,၅၀၀ ကျော်ရှိကြောင်းနဲ့ အများစုဟာ လူငယ်တွေဖြစ်ကြောင်း သိရပါတယ်။ 

 

ဝန်ကြီးချုပ်က လူငယ်တွေ ကိုယ့်တာဝန်ကျေဖို့၊ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းတွေကို လိုက်နာခြင်းအားဖြင့် ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ချစ်တဲ့သူတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပြောကြားပါတယ်။ 

 

ကျောင်းသူကျောင်းသားတွေကို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးနဲ့ စာသင်ခန်းအတွင်း လူဦးရေ လျော့ချရန်အတွက် စာသင်ခန်း အပို ၅,၀၀၀ ကျော်ကို တည်ဆောက်ထားပြီးကြောင်း ပညာရေးဝန်ကြီးက ပြောပါတယ်။ 

 

MDN
ကိုးကား -AFP