အီတလီနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၈၀၀ ထပ်မံတွေ့ရှိ

စက်တင်ဘာ ၁၄

အီတလီနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၂၈၀၀ ရှိပြီး သေဆုံးသူ ၃၆ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရောဂါကူးစက်ခံရသူ ၄၆၆၄ ဦး ထပ်မံတွေ့ရှိပြီး ၃၄ ဦး သေဆုံးသည်။

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူ ၁၂၉၉၅၅ ဦးရှိသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၂၀၀၄၅ ဦးကို ကိုဗစ်-၁၉ ရောဂါစမ်းသပ်စစ်ဆေးမှု ပြုလုပ်ခဲ့ပြီးဖြစ်သည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို