အိမ်မဲမြို့ အထက(၁)ကျောင်းဝင်းနှင့် လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

အိမ်မဲ မေ ၂၁

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အိမ်မဲကြီးရပ်ကွက်ရှိ အ.ထ.က() ကျောင်းဝင်းနှင့် လမ်းဘေးဝဲယာတွင် စုပေါင်းသန့်ရှင်းခြင်းကို မေ ၂၀ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်ထွန်းဇော် ဦးဆောင်၍ စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ နယ်မြေခံတပ်ရင်း၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီအသင်း၊ ဌာနဆိုင်ရာ ဝန်ထမ်းများ စုစုပေါင်းအင်အား ၁၃၅ ဦးခန့်မှ အ.ထ.က(၂) ကျောင်းရှေ့ရေမြောင်းများ အတွင်း အမှိုက်သရိုက်များ ရှင်းလင်းခြင်း၊ ရေမြောင်းပတ်ဝန်းကျင် ချုံ၊နွယ်၊ မြက်များရှင်းလင်းခြင်း၊ ကျောင်းအတွင်းမှ အမှိုက်များနှင့် အပင်များခုတ်ထွင်ရှင်းလင်းပြီး အမှိုက်များကို အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ခြင်းများ‌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်(ပြန်/ဆက်)