အိမ်မဲမြို့နယ်အတွင်းရှိ ဆိုလာမီးလင်းရေးလုပ်ငန်းနှင့် (VDP)စီမံကိန်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေး

အိမ်မဲ ၁၂ ဇူလိုင်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အင်းတမိသက္ကယ်ကျေးရွာတွင် ဆိုလာမီးလင်းရေးလုပ်ငန်းနှင့် (VDP) စီမံကိန်းလုပ်ငန်းများအား ကြည့်ရှု့စစ်ဆေးခြင်းကို ဇူလိုင် ၁၀ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ လုပ်ငန်းများကို မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးသင်းဦး၊ ခရိုင်မီးလင်းရေးတာဝန်ခံနှင့် တာဝန်ရှိသူများသည် ဌာနခွင့်ပြုရန်ပုံငွေဖြင့် Mega Global Green Automation ကုမ္ပဏီမှ ပြင်ဆင်ဆောင်ရွက်နေသည့် အင်းတမိသက္ကယ်ကျေးရွာ ဆိုလာမီးလင်းရေး ပြုပြင်မှုလုပ်ငန်းနှင့် VDP စီမံကိန်းဖြင့် ဆောက်လုပ်နေသော အဆိုပါကျေးရွာ အလကခွဲကျောင်းဆောင်သစ်အား ကွင်းဆင်းစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ချစ်သက်လယ်(အိမ်မဲ)