အိမ်မဲ ဇွန် ၁
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောင်းစုကျေးရွာ၌ အဆင့်မြင့်အပ်ချုပ် သင်တန်းကို မေ ၄ ရက်မှ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါသင်တန်းတွင် စာတွေ့၊ လက်တွေ့ သင်ကြားနေမှုများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစတင်မျိုးလွင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
သင်တန်းတွင် သင်တန်းသူ ၂၀ တက်ရောက်ပြီး သင်တန်းကာလမှ တစ်လခွဲကြာမြင့်မည့်ဖြစ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဆက်လက်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


