အိမ်မဲမြို့နယ်တွင် နွေရာသီအခြေခံအေရိုးဗစ်သင်တန်းဖွင့်ပွဲကျင်းပ

အိမ်မဲ မေ  ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီအခြေခံအေရိုးဗစ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို မေလ ၁၅ ရက် နံနက်၁၀ နာရီတွင်ကျင်းပ ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမြို့နယ် ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင် က နွေရာသီအားလပ်ရက်တွင်ကျောင်းသား/ကျောင်းသူ များ အချိန်ကိုတန်ဖိုးရှိ စွာအသုံးချတတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံခိုင်စေရန်၊ အားကစားကိုချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီးသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်ပြီးအခြေခံအေရိုးဗစ်သင်တန်းကိုမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အိအိမျိုးကသင်ကြားပေး ရာသင်တန်းသား/သင်တန်းသူ (၁၅) ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာမေလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ချစ်သက်လယ်(အိမ်မဲ)