အိမ်မဲမြို့တွင်အမှိုက်များ စည်းကမ်းတကျ စွန့်ပစ်ကြစေရန် လမ်းဘေးအမှိုက်ခြင်းများ တပ်ဆင်

အိမ်မဲ ၃၀ မေ 

 


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းတွင် မေ ၂၉ ရက်နေ့တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လမ်းဘေးမီးတိုင်များတွင် အမှိုက်ခြင်းများ လိုက်လံတပ်ဆင်ခဲ့ကြောင်းသိရသည်။

 

e3454

 


ယင်းသို့ လိုက်လံတပ်ဆင်ရာမှာ အိမ်မဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဦးဆောင်မှုဖြင့် လမ်းသွားလမ်းလာ အများပြည်သူများ အမှိုက်စွန့်ပစ်နိုင်ရေးအတွက် အနော်ရထာလမ်းနှင့် ချယ်ရီလမ်းများတစ်လျှောက် ဓါတ်တိုင်များတွင် အမှိုက်ခြင်းတပ်ဆင် ပေးခြင်းနှင့်  အခြားသာမန်အမှိုက်များ စွန့်ပစ်ရန် အမှိုက်ပုံးအကြီးများ တိုးချဲ့ ချထားဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

 


ချစ်သက်လယ်(အိမ်မဲ)

 

rtg5y


 

 

ili