အိမ်မဲရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ ကျောင်းသူ ကျောင်းသားများ  သင်္ချာဘာသာရပ်  အေးချမ်းစွာဖြေဆို

အိမ်မဲ ၈  မတ်


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန ၉ ခုဖြစ်သော အထက-၁   တွင် ၅၄၈ ဦး၊ အထက-၂ တွင် ၃၃၇ ဦး၊ အထကရွာသစ်တွင် ၅၀၈ ဦး၊ အထက - ကြို့ကုန်းတွင် ၄၇၅ ဦး၊ အထက-တကူဆိပ်တွင် ၂၁၂ ဦး၊ အထက-ဝါးတလုတ်ကမ်းနီတွင် ၂၀၉ ဦး၊ အထက- လူကောင်းကျွန်းတွင် ၁၉၁ ဦး၊ အထက-ကျုံတလုတ်တွင် ၁၀၂ ဦး၊ အထက-ဘုရားကြီးကုန်းတွင် ၁၂၉ ဦး စသည့် စာစစ်ဌာန ၉ ခုတို့တွင် စုစုပေါင်းကျောင်းသား ကျောင်းသူ ၂၇၁၁ ဦး တို့သည် မတ်လ ၈ ရက်နေ့ နံနက် ၉ နာရီက သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်း သိရသည်။


အိမ်မဲမြို့နယ်တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမှုအတွက် စာစစ်ဌာနအလိုက်အတွဲ-၁ အတွဲ-၂ အတွဲ- ၇ ဘာသာရပ်အလိုက်ဖြေဆိုမှု စာရင်းရှိ ၂၉၀၃ ဦး ရှိသော်လည်း ၁၉၂ ဦးဖြေဆိုမှုပျက်ကွက်ခဲ့ပြီး ၂၇၁၁ ဦးသာ ဖြေဆိုသည့်အတွက် ဖြေဆိုမှု ၉၃ ဒသမ ၃၉ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ပညာရေးကြီးကြပ် မှုကော်မတီဝင်များ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်စောင့်ရှောက်ပေးလျှက်ရှိကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။


ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)