အိမ်ထောင်စုလူဦးရေစာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဟားခါး၌ကျင်းပ

ဟားခါး   ၂၀ ဇွန်        

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင် စာရင်းပြုစုသည့် နှစ်အဖြစ် သတ်မှတ်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားအားလုံး မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် တိကျမှန်ကန်သော မဲဆန္ဒရှင်စာရင်းရရှိရန် ဆောင်ရွက်လျက်ရှိရာ ချင်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ အိမ်ထောင်စုလူဦးရေစာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

..3

 

အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ ပြည်နယ်အဆင့် လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးအုပ်နောလ်က အမှာစကားပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးလင်းကျော် က လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာလုပ်ငန်းစီမံချက်နှင့် သင်တန်းဖွင့်လှစ်မည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးဆန်းထွန်းစိန်နှင့် တက်ရောက်လာသူများ က ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြရာ ဆွေးနွေးချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းကာ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြား သည်။

ချင်းပြည်နယ်အတွင်း လူဦးရေစာရင်းနှင့် အချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ဇွန်လ မှ သြဂုတ်လအထိ (၃)လတာကာလအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် ပြန်/ဆက်မှ သိရသည်။

MDN