အိန္ဒိယ အပူချိန် လွန်ကဲမှုကြောင့် လူ ၂၀ဝ ကျော် သေဆုံး

၁၉ ဇွန် 


အိန္ဒိယနိုင်ငံတွင် အပူချိန်မြင့်တက်မှု ဖြစ်ပွားသဖြင့် လူပေါင်း ၂၀ဝ ကျော် သေဆုံးခဲ့သည်။ ထိုနိုင်ငံ၏ နေရာတော်တော်များများတွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထက် မြင့်တက်လျက်ရှိကြောင်း သိရသည်။

 

1

 


၎င်းနိုင်ငံအနှံ့ အပူချိန်လွန်ကဲမှုဖြစ်ပွားသဖြင့် သေဆုံးသူပေါင်း ၂၀၇ ဦး ရှိပြီး ယင်းသို့သေဆုံးသူများထဲတွင် ဘီဟာပြည်နယ်အရှေ့ပိုင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေစဉ် အပူလျှပ်ခြင်းကြောင့် သေဆုံးခဲ့သော ၈၃ ဦး ပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် တာဝန်ရှိသူများ က ပြောကြားထားသည်။

 

1

 


ယခုဇွန်လ မှာ အိန္ဒိယ ကလေးများ အများစုသည်  ဦးနှောက်ရောင်ရမ်းနာရောဂါ ဖြစ်ပွားနေကြပြီး ထိုရောဂါကုသမှုခံယူနေသူအများအပြားမှာ အပူချိန်လွန်ကဲမှုကြောင့် သေဆုံးခဲ့ကြကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။


ထိုနိုင်ငံ၏ နေရာတော်တော်များများတွင်ရှိသော အမြင့်မားဆုံးအပူချိန် မှာ ခါတိုင်းနှစ် ယခုလိုအချိန် ပုံမှန်အပူချိန်ထက် ၅ ဒီဂရီ စင်တီဂရိတ်မြင့်တက်နေသည် ဟု မိုးလေဝသဆိုင်ရာ တာဝန်ရှိသူများက ဆိုသည်။


မုတ်သုံရာသီ အဝင် နှောင့်နှေးမှုကြောင့် ယင်းသို့ အပူချိန်လွန်ကဲမှု ဆိုးရွားခဲ့ခြင်းဖြစ်သည်။နောက်ထပ် ရက်သတ္တပတ်အထိ အပူချိန်လွန်ကဲမှု ဆက်လက်ဖြစ်ပေါ်မည်ဟု ၎င်းတာဝန်ရှိသူများက ဆိုသည်။ တာဝန်ရှိသူများ က အပူချိန်မြင့်မားသည့် ထိုရက်များအတွင်း အပြင်မထွက်ကြရန်နှင့် ရေဓာတ်မခန်းခြောက်ဖို့ ဂရုစိုက်ကြရန် ပြည်သူများကို မေတ္တာရပ်ခံ ပြောကြားခဲ့သည်။


ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို