အိန္ဒိယ ကီရာလာ ပြည်နယ်တွင် ရေကြီးမှုကြောင့် ၂၀ ဦး ခန့် သေဆုံး

၉ သြဂုတ်


အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ် တွင် ပြီးခဲ့သည့်၂၄ နာရီကျော်က ရေကြီးမှုကြောင့် ၂၀ ဦးခန့်သေဆုံးခဲ့ပြီး ၂၂၀ဝ၀ ကျော်ဘေးကင်းရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း မီဒီယာ က ယနေ့ သတင်းထုတ်ပြန်ခဲ့သည်။


ပြည်နယ်အများစုမှာ ရေကြီးမှုဒဏ်ခံစားနေရသည်။ မိုးသည်းထန်စွာရွာသွန်းမှု နှင့် မြေပြိုမှု များ ဖြစ်ပွားခဲ့ပြီးနောက် အိုင်ဒူကီ ၊ မာလပ်ပူရမ် ၊ ဝါယာနာ့ဒ် နှင့် ကိုဇီကိုဒီ ခရိုင်များတွင် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ ဝါယာနာ့ဒ် သည် ရေဘေးအဆိုးရွားဆုံးကြုံတွေ့ခဲ့ရသည့် ခရိုင်များအနက် တစ်ခု ဖြစ်သည်။


နိုင်ငံအနှံ့ ရေဘေးရှောင်စခန်း ၃၁၅ ခုဖွင့်လှစ်ထားရာ အိမ်ထောင်စု ၅၉၃၆ စု မှ ၂၂၁၆၅ ဦး လက်ခံထားကြောင်း  ကီရာလာ ဝန်ကြီးချုပ် ပီနာရာယီ ဗီဂျယန် က တွစ်တာ တွင် ယနေ့ရေးသားဖော်ပြထားသည်။


နိုင်ငံအနှံ့ ဆည်များ နှင့် မြစ်များ အများစုတွင် ရေအမှတ်မြင့်တက်နေကာ အနီးနားဒေသများတွင် ရေကြီးမှုများ ဖြစ်ပေါ်နေကြောင်း ထိုအစီရင်ခံစာများအရ သိရသည်။


ကိုချီလေဆိပ်၌ လေယာဉ်ပျံသန်းပြေးဆွဲမှုကို သြဂုတ် ၁၀ ရက်နေ့အထိ ရပ်နားထားသည်။ထိုပြည်နယ်တွင် လာမည့်ရက်အနည်းငယ်ကျော်လွန်သည့်တိုင် မိုးပိုမိုလာနိုင်ကြောင်း မိုးလေဝသဦးစီးဌာန က ကြိုတင်ခန့်မှန်းထားသည်။


ကိုးကား - ဆင်ဟွာ


ဘာသာပြန်- မြင့်မြင့်ချို