အိန္ဒိယအထွေထွေရွေးကောက်ပွဲ ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ၏ အာဏာရညွန့်ပေါင်းပါတီ အနိုင်ရ

၂၄ မေ

 

ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီ ဦးဆောင်သော အိန္ဒိယအာဏာရ ညွန့်ပေါင်းပါတီ သည် အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် အသာဖြင့်  အနိုင်ရရှိကာ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်ရတော့မည် ဖြစ်ကြောင်း သိရသည်။

 

mdn

 

ပါလီမန်အောက်လွှတ်တော်တွင် ယမန်နေ့က ဆန္ဒမဲရေတွက်ခဲ့ကြောင်းနှင့် သန်းခေါင်ယံချိန် မတိုင်မီ အောက်လွှတ်တော် အမတ်နေရာ ၅၄၂ နေရာ အတွက်  ၇၀ ရာခိုင်နှုန်း  ရလဒ်အဖြေကို  စိစစ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ 

 

မိုဒီ၏ Bharatiya Janata Party ( BJP) ပါတီနှင့် ၎င်း၏ မဟာမိတ်အဖွဲ့များ က ၂၇၆ နေရာရရှိခဲ့သည်။
အတိုက်အခံအုပ်စု ဖြစ်သည့်  ရာဟူးဂန္ဒီ ဦးဆောင်သော ကွန်ဂရက်ပါတီ က ၆၆ နေရာ ရယူခဲ့သည်။

 

မိုဒီ က ယမန်နေ့ညက နယူးဒေလီ မြို့တော်ရှိ  ၎င်းကိုထောက်ခံသော လူအုပ်စုကြီး ရှေ့မှောက်တွင် အနိုင်ရရှိကြောင်း ကြေညာခဲ့ပြီး ပြည်သူလူထုအတွက် သူလုပ်နိုင်တာအားလုံး လုပ်ဆောင်ပေးမည် ဟု ကတိပြုခဲ့သည်။

 

မိုဒီ အစိုးရသည် ပထမသက်တမ်းကာလအတွင်း စီးပွားရေးမြင့်မားတိုးတက်မှု ရရှိခဲ့သည်။

 

ကိုးကား - အန်အိတ်ချ်ကေ            
ဘာသာပြန် - မြင့်မြင့်ချို