အိန္ဒိယက INSAT-3DS  မိုးလေဝသဂြိုဟ်တု လွှတ်တင်

 

 

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၉

အိန္ဒိယအာကာသသုတေသနအဖွဲ့ (အိုင်အက်စ်အာအို) က INSAT-3DS မိုးလေဝသဂြိုဟ်တုသစ်ကို ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဖေဖော်ဝါရီ ၁၇ ရက်က လွှတ်တင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။

အိန္ဒိယနိုင်ငံတောင်ပိုင်း အင်ဒရာ ပရာဒက်ရှ်ပြည်နယ် သီဟာရီကိုတာကျွန်းမှ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၃၅ မိနစ်က မိုးလေဝသဂြိုဟ်တုကို ဂျီရိုဆင် ခရောင်းနပ်လွှတ်တင်ရေးယာဉ် (GSLV-F14) ဒုံးကျည်ပေါ်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်မှာ ဂြိုဟ်တုကို ရည်ရွယ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ  လွှတ်တင်နိုင်ခဲ့ကြောင်း အိုင်အက်စ်အာအိုက လူမှုကွန်ရက် မီဒီယာတွင် ပြောကြားသည်။ အဆိုပါဂြိုဟ်တုမှာ မိုးလေဝသ ခန့်မှန်းချက်နှင့် သဘာဝဘေး သတိပေးချက်တို့အတွက် ကုန်းမြေ နှင့်သမုဒ္ဒရာ၏ မိုးလေဝသဆိုင်ရာ လေ့လာခြင်းနှင့် စောင့်ကြည့် ကွပ်ကဲခြင်းကို မြှင့်တင်ရန်အတွက် ရည်ရွယ်ထားကြောင်း သိရသည်။ ဂြိုဟ်တုသည် လက်ရှိလည်ပတ်နေသည့် INSAT-3D နှင့် INSAT-3DR ဂြိုဟ်တုတို့နှင့်အတူ မိုးလေဝသဆိုင်ရာ ဝန်ဆောင်မှု များကို တိုးမြှင့်ပေးသွားမည်ဖြစ် ကြောင်း အိုင်အက်စ်အာအိုက ပြောကြားသည်။

၂၂၇၄ ကီလိုမီတာ အလေးချိန် ရှိသည့် ယင်းဂြိုဟ်တုမှာ အိန္ဒိယ မိုးလေဝသဌာနအပါအဝင် ကမ္ဘာ့သိပ္ပံဆိုင်ရာ ဖက်ဒရယ်ဝန်ကြီး ဌာနအောက်ရှိ ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆင်ဟွာ