အိန္ဒိယက တာလတ်ပစ် ပဲ့ထိန်းဒုံးကျည်အား အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

နယူးဒေလီ ဇွန် ၇

 

အိန္ဒိယနိုင်ငံသည် ၎င်း၏ Agni-4 အမည်ရှိ တာလတ်ပစ်ဒုံးကျည်ကို နိုင်ငံ၏ အရှေ့ဘက် သြဒိသပြည်နယ်တွင် ဇွန် ၆ ရက်က အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း တရားဝင်ကြေညချက်တစ်ရပ်တွင် အတည်ပြုဖော်ပြထားသည်။

 

ယင်း ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုသည် ပုံမှန်အသုံးပြုသူလေ့ကျင့်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး မဟာဗျူဟာတပ်ရင်း၏ ကမကထပြုမှုဖြင့် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို ဇွန် ၆ ရက် ဒေသစံတော်ချိန် ညနေ ၇ နာရီခွဲခန့်က ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အိန္ဒိယ၏ အောင်မြင်စွာ ဒုံးကျည်ပစ်လွှတ်မှုသည် ဒုံးကျည်စနစ်၏ ယုံကြည်စိတ်ချမှုကို သက်သေပြသလို စစ်ဆင်ရေးဆိုင်ရာ သတ်မှတ်ချက် မူဘောင်အားလုံးနှင့် ကျိုးကြောင်းညီညွတ်မှုရှိကြောင်း သိရသည်။ 


 
ထို့အပြင် ယင်းဒုံးကျည်စမ်းသပ်မှုသည် ယုံကြည်စိတ်ချရသော အနည်းဆုံးအခြိမ်းအခြောက်လက်နက် ပိုင်ဆိုင်ရန် အိန္ဒိယနိုင်ငံ၏ မူဝါဒကိုလည်း ထပ်လောင်းအတည်ပြုထားကြောင်း ထုတ်ပြန်ချက်တွင် ထပ်မံ ဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ