အိန္ဒိယမြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် ရေခဲတောင်ပြိုကျမှုဖြစ်စဉ်အတွင်း သေဆုံးသူ ၂၆ ဦးအထိရှိလာပြီး ၁၈ဝ ကျော် ပျောက်ဆုံးလျက်ရှိ

နယူးဒေလီ ဖေဖော်ဝါရီ ၉

အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်တန်းဒေသဖြစ်သော ဥတ္တာရာခန်းပြည်နယ်တွင် ဖေဖော်ဝါရီ ၇ ရက်က ရေခဲတောင်ပြိုကျမှု ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ သေဆုံးသူဦးရေ ၂၆ ဦးအထိရှိလာခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ဆင်ဟွာသတင်းဌာနသို့ ယနေ့ အတည်ပြုပြောကြားသည်။

ထို့အပြင်ရေခဲတောင်ပြိုကျမှုကြောင့်ထိခိုက်ခဲ့သည့်ဒေသများတွင် လူ၁၈ဝ ကျော်ပျောက်ဆုံးနေဆဲဖြစ်သည့်အတွက် တာဝန်ရှိသူများသည် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရေခဲတောင်ပြိုကျမှုကြောင့် သေဆုံးသူနှင့် ပျောက်ဆုံးသူများမှာ ဥတ္တရာခန်း၊ ဥတ္တာပရာဒေ့ရှ်၊ အနောက်ဘင်္ဂလား။ ဘီဟာ၊ ဂျဟာခန့်စသည့်ပြည်နယ်နှင့် ဒေသများမှလာရောက်ကာ ရေအားလျှပ်စစ်စီမံကိန်းတွင် အလုပ်လုပ်ကိုင်လျက်ရှိ သည့် အလုပ်သမားများဖြစ်ကြပြီး အချို့သည် နီပေါနိုင်ငံမှလာသော အလုပ်သမားများဖြစ်ကြောင်း သိရသည်။ ရေခဲတောင်ပြိုကျမှုကြောင့် အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းကို ဆိုးရွားစွာ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-ဂျေတီ