အိန္ဒိယမြောက်ပိုင်းတွင် ဘတ်စ်ကားတစ်စီး ချောက်ထဲထိုးဆင်း၊ ခရီးသည် ၄၄ ဦး သေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် ခရီးသည် ၆၀ ကျော် တင်ဆောင်လာသည့် ဘတ်စ်ကားတစ်စင်းသည် တောင်းစောင်းအနီးတွင် ထိုးကျရာ ခရီးသည် ၄၄ ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။ 

အဆိုပါ မတော်တဆမှုသည် ကြာသပတေးနေ့က ဟီမာချယ်ပရာဒက်ရှ်ပြည်နယ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

ဘတ်စ်ကားမှာ ကီလိုမီတာ ၃၀ဝခန့်အထိ လိမ့်ဆင်းသွားကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ကားအပြင်ဘက် လွင့်စင်သွားသည့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်လိုက်ပါလာသူများကို ကယ်ဆယ်ရေးဝန်ထမ်းများက လိုက်လံ ရှာဖွေနေကြသည်ဟု ဆိုသည်။ 

 

mdn

 

အဆိုပါ မတော်တဆဖြစ်ပွားမှုသည် ဘရိတ်ပေါက်ခြင်း သို့မဟုတ် ယာဉ်မောင်း၏အမှားကြောင့်ဟု ရဲတပ်ဖွဲ့က သံသယရှိနေသည်။ 

အိန္ဒိယနိုင်ငံတွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် ပြည်သူများက မော်တော်ကားများ ပိုမိုဝယ်ယူလာခဲ့ရာ ယာဉ်မတော်တဆမှုများ ပိုမိုဖြစ်ပွားလာခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် အိန္ဒိယနိုင်ငံသည် ယာဉ်မတော်တဆမှုပေါင်း ၁၅၀ဝ၀ဝဖြစ်ပွားခဲ့ပြီး ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသူ အများဆုံးနိုင်ငံဖြစ်သည်။

ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်