အိန္ဒိယမြောက်ပိုင်းတွင် ကျောင်းကားတစ်စီး ချောက်ထဲသို့ ပြုတ်ကျမှုကြောင့် ကလေးငယ် ကိုးဦး သေဆုံး

၆ သြဂုတ်

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒက်ရှ်ပြည်နယ် တာရီဂါဝဲခရိုင်ရှိ ချောက်တစ်ခုထဲသို့ ယနေ့မနက် ၇ နာရီ ၃၀ မိနစ်က ကျောင်းကားတစ်စီး ပြုတ်ကျသဖြင့် ကလေးငယ် ကိုးဦး ထက်မနည်း သေဆုံးခဲ့ပြီး အခြား ၁၀ ဦး ဒဏ်ရာရရှိကြောင်း ဒေသန္တရ ရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်များကို ဖုန်းဖြင့်ပြောကြားခဲ့သည်။

တာရီဂါဝဲခရိုင် မတ်ဒန်နီဂီလမ်းရှိ ကန်စာလီ ကျေးရွာတွင် ယနေ့မနက်ပိုင်းက ချောက်ထဲသို့ ကျောင်းကားပြုတ်ကျမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အိန်ဂျယ်ကိုယ်ပိုင်ကျောင်းမှ ဒဏ်ရာရရှိသော ထိုကလေးများကို ဒေသန္တရဆေးရုံ တစ်ရုံသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုပြည်နယ်ရှိ ရစ်ချီကတ်ရှ် မြို့သို့ လေယာဉ်ဖြင့် ရွှေ့ပြောင်းရန် အားထုတ်ကြိုးပမ်းနေသည်ဟု ယင်းရဲတပ်ဖွဲ့ပြောကြားချက်အရ သိရသည်။

 

mdn

 

ထိုပြည်နယ် သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့အစည်းက ယင်းသို့ဖြစ်ပွားရာနေရာသို့ အပြေးအလွှားလာရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဥတာပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ် ထရီဗန်ဒါ ဆင်း ရာဝပ်တ် က ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိပါကြောင်း ပြောဆိုကာ ကျောင်းကားချောက်ထဲပြုတ်ကျသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးရန် စီမံညွှန်ကြားခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို