အိန္ဒိယ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၂၄၀ ထပ်မံ တွေ့ရှိ

နယူးဒေလီ ဇွန် ၉ 

 

အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၂၄၀ ထပ်မံတွေ့ရှိ ခဲ့ခြင်းကြောင့် လက်ရှိအချိန်အထိ အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၄၃၁၉၇၅၂၂ ဦးရှိလာကြောင်း ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။

 

အလားတူ အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် လူနာရှစ်ဦး ထပ်မံသေဆုံးခဲ့ခြင်းကြောင့် ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၄၇၂၃ ဦးရှိလာကြောင်း သိရသည်။

 

ထို့အပြင် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသနေသော လူနာ ၃၆၄၁ ဦး ထပ်တိုးလာခြင်းနှင့် အတူ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးဝါးကုသမှုခံယူနေသောလူနာပေါင်း ၃၂၄၉၈ ဦးရှိကြောင်း သိရသည်။

 

လွန်ခဲ့သည့် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်လူနာ ၃၅၉၁ ဦး ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ရာ လက်ရှိအချိန်ထက် ဆေးဝါးကုသမှုခံယူပြီးနောက် ကျန်းမာလာပြီး ဆေးရုံများမှ အောင်မြင်စွာ ပြန်ဆင်းသူပေါင်း ၄၂၆၄၀၃၀၁ ခန့် ရှိလာကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ