အိန္ဒိယ၌ ယောဂဆိုင်ရာ တွဲဖက်အသုံးအဆောင်တွေကို နိုင်ငံခြားမှမှာယူမှုမြင့်တက်နေ

နယူးဒေလီ ၁၉ ဇန်နဝါရီ

 

အိန္ဒိယနိုင်ငံ၌ ယောဂလေ့ကျင့်ရာမှာ တွဲဖက်အသုံးပြုတဲ့ ပစ္စည်းကိရိယာတွေကို သြစတေးလျနဲ့ ကနေဒါအပါအဝင် နိုင်ငံခြားတိုင်းပြည်တွေကနေမှာယူမှုဟာ ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကထက် မြင့်တက်နေတယ်လို့ သိရပါတယ်။

 

နိုင်ငံခြားတိုင်းပြည်တွေက လူအချို့ဟာ ဓာတ်မတည့်တဲ့ ပြဿနာတွေရှိနေတာကြောင့် ယောဂလေ့ကျင့်ခြင်းဆိုင်ရာ ပစ္စည်း တွေကို ရှာဖွေဝယ်ယူနေကြတာ ဖြစ်တယ်လို့သိရပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေကနေ မှာယူမှုများတဲ့ ပစ္စည်းတွေဟာ နှာခေါင်းလမ်းကြောင်း သန့်စင်တဲ့နေရာမှာ အသုံးပြုတဲ့ နီတာပါထရာလို့ခေါ်တဲ့ ရိုးရာအိုး ကလေးတွေနဲ့ အခြားယောဂ တွဲဖက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းကတည်းက ဝယ်လိုအား မြင့်တက်နေတာဖြစ်ကြောင်း ပရီမီယာယောဂ အင်စတီကျုရဲ့ ဆရီအမ်ဘီကာ ယောဂကူတာ အတွင်းရေးမှူးဖြစ်သူ ရန်ချန်ဒရာ ဆာဗီက သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

 

စိုထိုင်းမှုများတဲ့ နိုင်ငံတွေမှာ ဓာတ်မတည့်မှု ပြဿနာတွေ မြင့်တက်နေတာကြောင့် အဆိုပါပစ္စည်းတွေဟာ ဝယ်လိုအားများ နေတာလည်း ဖြစ်တယ်လို့ သူက ထပ်လောင်းပြောဆိုပါတယ်။ လူငယ်တွေဟာ ကျန်းမာရေး အသိတွေရှိလာပြီး ယောဂဘက် ကိုစိတ်ဝင်စားလာကြတာ ကောင်းတဲ့လက္ခဏာပဲလို့ ဆာဗီက ဆိုပါတယ်။ ကမ္ဘာတစ်ဝန်း စင်တာခွဲပေါင်း ၉၁ ခုရှိတဲ့ ဆရီအမ်ဘီကာ ယောဂကူတာ ဟာ ယခုလတစ်လအတွင်းမှာပဲ နီတာပါထရာပေါင်း ၁၀ဝ၀ ခန့်ကို သြစတေးလျ ကိုရောင်း ချပြီးဖြစ်သလို ကနေဒါနိုင်ငံကိုလည်း ၈၀ဝ ခန့်ပို့ပေးခဲ့ရတယ်လို့ သိရပါတယ်။

 

(MDN)

ကိုးကား-ပီတီအိုင်