အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ်၌ မိုးကြိုးပစ်သဖြင့် ၁၂ ဦး သေဆုံး

နယူးဒေလီ  မေ  ၁၇

အိန္ဒိယနိုင်ငံအရှေ့ပိုင်း  အနောက်ဘန်ဂေါပြည်နယ်၌  မေ ၁၆ ရက်က မိုးကြိုးပစ်မှုဖြစ်ပွားသဖြင့် ၁၂ ဦးထက်မနည်း သေဆုံးကာ အခြားလူများစွာ   ဒဏ်ရာရရှိကြောင်း အာဏာပိုင်များက    ပြောကြား သည်။  

အနောက်ဘန်ဂေါ၏ မြို့တော် ကာလကတ္တား၏   မြောက်ဘက် ၃၂၇    ကီလိုမီတာခန့်အကွာ မော်လ်ဒါခရိုင်၌     မိုးကြိုးပစ်မှုကြောင့် လူသေဆုံးမှုများ  ဖြစ်ပွားကြောင်း သိရသည်။  သေဆုံးသူ အားလုံးမှာ  မိုးကြိုးများပစ်ချိန်တွင်  သစ်သီးခြံများနှင့် ကွင်းပြင်များ၌  အလုပ်လုပ်ကိုင်နေကြ ကြောင်း  အာဏာပိုင်များက ပြောကြားသည်။

အိန္ဒိယနိုင်ငံ၌ နှစ်စဉ်မုတ်သုံ ရာသီစတင်ချိန်တွင်    မိုးကြိုးပစ်ခြင်းကြောင့်    လူပေါင်းရာနှင့်ချီ သေဆုံးလျက်ရှိကြောင်း  သိရသည်။                         

ဆင်ဟွာ