အိန္ဒိယနိုင်ငံ လူဦးရေပေါက်ကွဲမှုရှိလာနိုင်တာကို ဝန်ကြီးချုပ် မိုဒီ သတိပေး 

၁၆ သြဂုတ်


အိန္ဒိယဝန်ကြီးချုပ် မိုဒီက လူဦးရေပေါက်ကွဲမှု ဖြစ်လာနိုင်တယ်။ အဲဒါကိုစိန်ခေါ်မှုကို လက်ခံနိုင်ဖို့ အချိန်ရောက်ပြီး လူဦးရေပေါက်ကွဲမှုက မျိုးဆက်သစ်တွေကို အခက်အခဲတွေ ယူဆောင်လာနိုင်ကြောင်း မနေ့က ကျရောက်ခဲ့တဲ့ လွှတ်လပ်ရေးအခမ်းအနား ကျင်းပရာ မြို့တော် ဒေလီမှာ ပြောကြားလိုက်တာဖြစ်ပါတယ်။ 


အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ တရုတ်နိုင်ငံပြီးရင် ဒုတိယမြောက် လူဦးရေအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိလူဦးရေမှာ ၁.၄ ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ 


ဝန်ကြီးချုပ် မိုဒီ ဆက်ပြောတာက လူဦးရေပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတွေနဲ့ ပညာပေးခြင်းကို အရှိန်အဟုန်နဲ့ လုပ်ဖို့ လိုအပ်နေပြီ ၊ မိသားစုဦးရေ နည်းတဲ့ မိသားစုတွေက နိုင်ငံမှာ အရေးပါတဲ့နေရာတွေမှာ ရှိနေတယ်ဆိုတာ သတိမူဖို့ ပြောပါတယ်။ 


အိန္ဒိယနိုင်ငံမှာ ၁၉၇၀ နှစ်များဆီက လူဦးရေ ထိန်းချုပ်ဖို့အတွက် အမျိုးသားတွေကို သားကြောဖြတ်ရေးကို မိတ်ဆက်ပေးခဲ့ပေမယ့် ဒေါသတကြီးနဲ့ တုန့်ပြန်တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ အစိုးရက ၁၉၉၆ ခုနှစ်မှာ သားကြောဖြတ်ရေးကို တရားဝင် ရပ်တန့်လိုက်ရပေမယ့် ဒေသတွင်းမှာတော့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ အခွင့်အရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေက ပြောပါတယ်။


၂၀၁၇ နဲ့ ၂၀၁၈ ခုနှစ်တွေမှာတော့ ၁.၉ သန်းသော လူတွေက သားကြောဖြတ်တာကို လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီလူတွေထဲမှာ အများစုက အမျိုးသမီးတွေဖြစ်ကြောင်း အစိုးရရဲ့ အမျိုးသားကျန်းမာရေးအဖွဲ့က ပြောပါတယ်။  


MDN


ကိုးကား -AFP