အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးမုန်တိုင်းများကျရောက်မှုကြောင့် ကျောင်းများပိတ်ထားရ

နယူးဒေလီ   မေ   ၆

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးမုန်တိုင်းများ ကျရောက်မှုကြောင့် ကောလိပ်နှင့် စာသင်ကျောင်းများကို မေ ၇ ရက်အထိ ပိတ်ထားမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် အင်န်ဘီရန်ဆင်းက ပြောကြားသည်။

ပြည်နယ်အတွင်း ကန်ချီပါနှင့် တီရာဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသခံများ၏ နေ့စဉ်လူနေမှုဘဝကို ထိခိုက်စေခဲ့ပြီး လူနေအိမ်များနှင့် ယာဉ်များထိခိုက်ခဲ့ရကာ မိုးသီးများကြွေကျမှုကြောင့် အိမ်ခေါင်မိုးများပျက်စီးခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ ထူးခြားသည့် မိုးလေဝသအခြေအနေဖြစ်လာခြင်းကြောင့် ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများနှင့် ကောလိပ်များကို ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း အင်န်ဘီရန်ဆင်းက လူမှုမီဒီယာအိပ်စ်တွင် မှတ်ချက်ပြု ပြောကြားသည်။

ပြည်နယ်အစိုးရအနေဖြင့် သဘာဝဘေးကာကွယ်ရေးအတွက် အစီအမံများဆောင်ရွက်နေပြီး ဒေသခံများ အနေဖြင့်လည်း ဘေးကင်းသည့်နေရာတွငနေထိုင်ကာ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက် ရမည်ဟု ၎င်းက ပြောကြားသည်။ အိန္ဒိယနိုင်ငံ တောင်ပိုင်းနှင့် အလယ်ပိုင်းတွင် အပူချိန်များမြင့်တက် နေကြောင်း သိရသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ