အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ လေထုညစ်ညမ်းမှုအခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် စာသင်ကျောင်းများ ပိတ်ထားရ

နယူးဒေလီ နိုဝင်ဘာ ၁၉

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီ၌ လေထုညစ်ညမ်းမှု အခြေအနေ ပိုမိုဆိုးရွားလာခြင်းကြောင့် စာသင်ကျောင်းများပိတ်ထားရကြောင်း ယမန်နေ့သတင်းများအရ သိရသည်။

ပိုမိုဆိုးရွားလျက်ရှိ နိုဝင်ဘာ ၁၇ ရက်တွင် နယူးဒေလီမြို့၏နေရာ အများအပြား၌ လေထုညစ်ညမ်းမှုအခြေအနေ ပိုမို ဆိုးရွားလျက်ရှိသည်။

ထို့ပြင် ယခုရက်သတ္တပတ်အတွင်း အစိုးရ ဝန်ထမ်း ၅၀ ရာခိုင်နှုန်းသည် နေအိမ်များမှ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း လေထုအရည်အသွေးထိန်းချုပ်မှု ကော်မရှင်က ဆိုသည်။

လေထုညစ်ညမ်းမှုကြောင့် ပြည်သူများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားမှု မြင့်တက်လာနိုင်ကြောင်း ကျန်းမာရေးပညာရှင်များက ဆိုသည်။ သတိပေးထား အဆိပ်အတောက်ဖြစ်စေသော အငွေ့များ ရှူရှိုက်မှုကို ရှောင်ရှားကြရန်နှင့် နေအိမ်များတွင်သာ နေထိုင်ကြရန် ပြည်သူများအား ဆရာဝန်များက သတိပေးထားသည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လျက် ရှိစဉ်လေထုညစ်ညမ်းမှုအခြေအနေ ဆိုးရွားလာသည့်အတွက် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုမရှိစေရန် ကျန်းမာရေးတာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

နယူးဒေလီမြို့သည် ကမ္ဘာ့လူဦးရေ အများဆုံး မြို့တော်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။

လယ်သမားများက စိုက်ပျိုးမြေများရရှိရန် သီးနှံအမှိုက်များမီးရှို့ခြင်းနှင့် မော်တော်ယာဉ်များ၏ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကြောင့် လေထုညစ်ညမ်းမှုအခြေအနေ ပိုမိုဆိုးရွားလာခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်