အိန္ဒိယနိုင်ငံ နယူးဒေလီရှိ စက်ရုံနှစ်ရုံ မီးလောင်မှုဖြစ်ပွား၊ မီးသတ်သမား သုံးဦးဒဏ်ရာရ

၂၄ ဒီဇင်ဘာ

အိန္ဒိယနိုင်ငံ မြို့တော်နယူးဒေလီရှိ စက်မှုဇုန်တွင် စက်ရုံနှစ်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဒေလီမြို့မြောက်ပိုင်းရှိ နာရီလာ စက်မှုဇုန်တွင် မီးလောင်ကျွမ်းမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ရာ ပထမမီးလောင်ကျွမ်းမှုမှာ သန်းခေါင်ယံအချိန်တွင်ဖြစ်ပြီး ဒုတိယမီးလောင်ကျွမ်းမှုမှာ မနက်အစောပိုင်းတွင်ဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုတွင် မီးသတ်သမားသုံးဦး ဒဏ်ရာရရှိြခင်းမှတစ်ပါး အရပ်သားများ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်သည့်သတင်းများ ယခုထိ မရှိသေးကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုမီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

ဒေလီမြို့၏ ကီရာရီဒေသရှိ ကုန်လှောင်ရုံတွင် ယမန်နေ့က မီးလောင်ကျွမ်းမှုကြောင့် ကိုးဦးထက်မနည်း သေဆုံးခဲ့သည်။

ယခုလအစောပိုင်းက ထိုမြို့ရှိ အဆောက်အဦဟောင်းတစ်လုံးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ၄၃ ဦး သေဆုံးခဲ့ပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့ကြသည်။

လူအများသည် ဘေးကင်းလုံခြုံမှုစံချိန်စံညွှန်းများကို မသိကျိုးကျွန်ပြုကာ ဆောက်လုပ်ခဲ့မှုတို့ကြောင့် အိန္ဒိယအဆောက်အဦများတွင် မီးလောင်ကျွမ်းမှု များပြားလေ့ရှိသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို