နယူးဒေလီ   ဇူလိုင်   ၁၁

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာ ဒေ့ရှ်ပြည်နယ်၌   မိုးနှင့်ဆက်စပ် သည့်  မတော်တဆမှုများကြောင့်  သေဆုံးသူ    ၂၂   ဦးထက်မနည်း  ရှိသည်ဟု        အာဏာပိုင်များက  ဇူလိုင် ၁၁ရက်တွင် ပြောသည်။

 

မိုးအဆက်မပြတ်   ရွာသွန်းမှု ကြောင့်  မြစ်ရေမြင့်တက်လာပြီး  ပြည်နယ်အတွင်း    ခရိုင်   ၁၂ ခုရှိ ကျေးရွာပေါင်း ၆၀၀ ကျော်  ရေနစ်မြုပ်မှုများ          ဖြစ်ပေါ်ခဲ့သည်ဟု  သက်သာချောင်ချိရေးဌာန အရာရှိများက ပြောသည်။ 

 

ရေကြီးမှုကြောင့်     စိုက်ပျိုးမြေဧကပေါင်း    ၁၀၀၀ကျော် ရေနစ်မြုပ်ခဲ့ပြီး လူပေါင်း ၈၀၀၀၀၀ ဝန်းကျင်    ရေကြီးမှုဒဏ် ခံစားခဲ့ရ သည်။  ကယ်ဆယ်ရေးနှင့်သက်သာ ချောင်ချိရေးအဖွဲ့များက  လူပေါင်း   ၁၀၀၀၀  ကျော်ကို ဘေးလွတ်ရာသို့   ပြောင်းရွှေ့ပေးခဲ့သည်။

 

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်၌   ရေကြီးမှုများ အပါအဝင် နိုင်ငံအတွင်းရှိ ပြည်နယ် အများအပြားတွင်   မုတ်သုံမိုးများ သည်းထန်စွာရွာသွန်းပြီး   ရေကြီး ရေလျှံမှုအခြေအနေများ  ဖြစ်ပေါ်ခဲ့ သည်။                        

 

 

 ဆင်ဟွာ