အောက်တိုဘာ ၂၂
အိန္ဒိယနိုင်ငံအလယ်ပိုင်း မဒရာပရာဒေ့ရှ်ပြည်နယ်ရှိ လက်နက်စက်ရုံတစ်ခုအတွင်း ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် ပြိုကျသည့်အပျက်အစီးများအောက် ပိမိသူအများအပြားရှိကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါပေါက်ကွဲမှုသည် မဒရာပရာဒေ့ရှ်ပြည်နယ် ဂျာဘယ်ပါခရိုင် ခါမာရီရာဒေသရှိ လက်နက် စက်ရုံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ထိုလက်နက်စက်ရုံအတွင်းတွင် ဗုံးများနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများထုတ်လုပ်ကြောင်း အင်န်ဒီ တီဗွီသတင်းဌာနက ဖော်ပြသောအွန်လိုင်းသတင်းအရသိရသည်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူသုံးဦးသည် ယင်းစက်ရုံ၏အလုပ်သမားများဖြစ်ကြောင်း၊ ၎င်းတို့ကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အခြေအနေစိုးရိမ်ရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို