အိန္ဒိယနိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတအဖြစ် ဒယူပါဒီမာမူ ကျမ်းသစ္စာကျိန်ဆို

နယူးဒေလီ ဇူလိုင် ၂၅

 

ဒယူပါဒီမာမူသည် ဇူလိုင် ၂၅ ရက်က အိန္ဒိယနိုင်ငံ၏ ၁၅ ဦးမြောက် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရသိရသည်။ ထို့ကြောင့် မာမူသည် အိန္ဒိယနိုင်ငံ၌ သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရသည့် ပထမဆုံးမျိုးနွယ်စု အမျိုးသမီးလည်း ဖြစ်လာခဲ့သည်။

 

အသက် ၆၄ နှစ်အရွယ်ရှိ မာမူ၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ အထက်လွှတ်တော်ဥက္ကဋ္ဌ ဗင်ကီယာနိုင်ဒူ၊ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ အွန်ဘီလာ၊ ဝန်ကြီးများ၊ သံတမန်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအပြင် အခြားအစိုးရအရာရှိများ တက်ရောက်ကြကြောင်း သိရသည်။

 

မာမူသည် အိန္ဒိယနိုင်ငံ၌ ပရာတီဘာ ဒီဗီဆင်း ပါတေးလ်ပြီးနောက် ဒုတိယမြောက် အမျိုးသမီးသမ္မတ ဖြစ်လာခဲ့သည်။

 

ဆင်ဟွာ