အိန္ဒိယနိုင်ငံက အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်မည်

နေပြည်တော် ၂၂ ဒီဇင်ဘာ

အိန္ဒိယနိုင်ငံ အနေဖြင့် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယ - အာဆီယံ ပူးတွဲတည်ထောင်မှု ၂၅ နှစ်ပြည့် အခမ်းအနားတွင် အိန္ဒိယနိုင်ငံ ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီး Dharmendra Pradhan က ပြောကြားခဲ့ပါတယ်။ "အာဆီယံ ဒေသတွင်း နိုင်ငံတွေဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတွေပါပဲ။ ဒါကြောင့် အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ဖို့နဲ့ အိန္ဒိယနိုင်ငံရဲ့ နက်ရှိုင်းတဲ့ သံတမန် ဆက်သွယ်မှုနဲ့အတူ အာဆီယံဒေသတွင်း နိုင်ငံများရဲ့ စီးပွားရေးနဲ့ ယဉ်ကျေးမှု ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် တိုးမြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" ဟု နယူးဒေလီတွင် ကျင်းပခဲ့သည့် အဆိုပါ ညီလာခံတွင် ဝန်ကြီးက ပြောကြားခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တဆင့် သိရပါသည်။

"ကျွန်တော်တို့ရဲ့ အရှေ့မျှော်မူဝါဒဟာ အိန္ဒိယနိုင်ငံနဲ့ နိုင်ငံရဲ့ အရှေ့မြောက် ဒေသမှာရှိတဲ့ ဒေသတွင်း နိုင်ငံတွေကို ပေါင်းကူးပေးမယ့် အခြေအနေကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံအတွက် အာဆီယံ ဈေးကွက်ဟာ တောက်မယ့် မီးခဲတရဲရဲ ဆိုသလိုပါပဲ" ဟု ၎င်းက ထပ်မံပြောကြားခဲ့ပါသေးတယ်။ အိန္ဒိယနိုင်ငံနှင့် အာဆီယံ ဒေသတွင်း နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဟာ ဖြည်းဖြည်းမှန်မှန် တိုးတက်လျက် ရှိပါတယ်။ အိန္ဒိယနိုင်ငံသည် အာဆီယံ ဒေသတွင်း နိုင်ငံများနှင့် ကုန်သွယ်မှုပြုရာတွင် သတ္တမ နေရာတွင် ရပ်တည်နေသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး ကုန်သွယ်မှု ပမာဏမှာ စုစုပေါင်း ကုန်သွယ်မှု၏ ၁၀ ဒသမ ၂ ရာခိုင်နှုန်း ရှိပါတယ်။ ထို့ပြင် အာဆီယံသည် အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပြုရာတွင်  စတုတ္ထမြောက် နေရာ၌ ရပ်တည်နေသော အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

MDN