အိန္ဒိယနိုင်ငံက ဆန္ဒပြပွဲကို နှိမ်နင်းတဲ့အတွက် မနေ့က လူနှစ်ဦးသေဆုံး

၂၀ ဒီဇင်ဘာ

 

အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ မနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲကို နှိမ်နင်းမှုပြုလုပ်ခဲ့တဲ့အတွက် လူနှစ်ဦး သေဆုံးကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဝန်ခံပြောကြားပါတယ်။ အိန္ဒိယနိုင်ငံတစ်ဝန်းမှာ နိုင်ငံသား ခံယူနိုင်ခွင့် ဥပဒေ (CAB)နဲ့ ပတ်သတ်ပြီး ဆန့်ကျင်ဆန္ဒပြနေတာ ဖြစ်ပါတယ်။

 

2

 

ပြုပြင်လိုက်တဲ့ CAB ဥပဒေကို ဆန့်ကျင်ဆန္ဒပြနေတာ သီတင်းတစ်ပတ်အတွင်းမှာ သေဆုံးသူ ရှစ်ဦး ရှိသွားပြီ ဖြစ်ပါတယ်။ နိုင်ငံရဲ့လူသိများတဲ့ ပြည်နယ်တွေမှာ အင်တာနက် ဆက်သွယ်ရေး ဖြတ်တောက် ထားသလို စာတိုပို့နိုင်တဲ့ စနစ်လည်း ဖြတ်တောက်ထားကြောင်း သိရပါတယ်။

 

နိုင်ငံ့တောင်ပိုင်းရှိ မန်ဂလော မြို့မှာ သေဆုံးသူမှာ အမျိုးသားနှစ်ဦးဖြစ်ပြီး တစ်ဦးက ၄၉ နှစ်ဖြစ်ပြီး နောက် တစ်ဦးက ၂၃ နှစ်ဖြစ်ကြောင်း၊ အဲဒီမြို့မှာ ကာဗျူးအမိန့်ထုတ်ထားပြီး ကျောင်း၊ စားသောက်ဆိုင် နဲ့ ဘားတွေပါ ပိတ်ထားကြောင်း ဒုရဲချုပ်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

 

မန်ဂလောမြို့ရှိ ဆေးရုံတစ်ရုံမှာ သေနတ်ဒဏ်ရာရရှိသူ လေးဦးကို ကုသပေးနေကြောင်း ကျန်းမာရေး ဝန်ထမ်းတစ်ဦးက သတင်းဌာနတွေကိုပြောပါတယ်။

 

9

 

နိုင်ငံမြောက်ပိုင်းရှိ အူတြာပရာဒတ်ရှ် ပြည်နယ်မှာလည်း သေနတ်ဒဏ်ရာကြောင့် ဆေးရုံမှာ မနေ့က လူတစ်ဦး သေဆုံးကြောင်း ပြောပေမယ့် ရဲတပ်ဖွဲ့က အတည်မပြုတာကို တွေ့ရပါတယ်။

 

5

 

ပြုပြင်လိုက်တဲ့ CAB ဥပဒေမှာ အိမ်နီးချင်း နိုင်ငံသုံးနိုင်ငံက ထွက်ပြေးလာသူတွေအတွက် အိန္ဒိယ နိုင်ငံသား ဖြစ်နိုင်ရေးဟာ လွယ်ကူသွားပေမယ့် မူဆလင်ဘာသာဝင်တွေအတွက် မဟုတ်ခဲ့ပါဘူး။

 

3

 

ဝန်ကြီးချုပ်မိုဒီဟာ ဒုတိယအကြိမ် ရွေးချယ်ခံလိုက်ပြီး ခုနှစ်လအတွင်းမှာ နိုင်ငံတွင်းမှာရော နိုင်ငံ့ပြင်ပမှာပါ အံ့သြသင့်စေတဲ့ နိုင်ငံသားဥပဒေကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ မိုဒီဟာ အိန္ဒိယနိုင်ငံကို ဟိန္ဒူနိုင်ငံအဖြစ် ပုံဖော်ချင်နေတာဆိုတဲ့ ပြောဆိုမှုတွေကိုတော့ ငြင်းဆန်ထားပါတယ်။

 

MDN

ကိုးကား - AFP