အိန္ဒိယနိုင်ငံက ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက်များ ဖြေလျှော့ပေးရန် စီစဉ်လျက်ရှိ

နယူးဒေလီ ဖေဖော်ဝါရီ ၁၃

အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် သိသိသာသာ လျော့ကျလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် နိုင်ငံတကာခရီးသွားများအား ဖေဖော်ဝါရီ ၁၃ ရက်မှစတင်ကာ နိုင်ငံအတွင်း ရောက်ရှိလာချိန်တွင် ခုနှစ်ရက်ကြာ သီးသန့်ခွဲထားစောင့်ကြည့်မှုခံယူ ရန်လိုအပ်တော့မည် မဟုတ်ကြောင်းလည်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဒီဇင်ဘာလအတွင်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှု သိသိသာသာ မြင့်တက်လာခဲ့ခြင်းကြောင့် ဇန်နဝါရီ ၁၁ ရက်မှစတင်ကာ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ပိုမိုတင်းကျပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းကမ်းချက်များကို ဖြေလျှော့ပေးမည် ဖြစ်သော်လည်း နိုင်ငံတကာခရီးသွားများ အားလုံးအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမရှိကြောင်း ထောက်ခံချက်ပြသရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါထောက်ခံချက်သည်လည်း ခရီးမထွက်ခွာမီ ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါကင်းစင်ကြောင်း ထောက်ခံချက်ဖြစ်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ကိုးကား - ဆင်ဟွာ၊

ဘာသာပြန် - အလင်းသစ်