အိန္ဒိယနိုင်ငံက ကမ္ဘာ့ဆံပင်အရှည်ဆုံး ဆယ်ကျော်သက်

၂၅ ဇန်နဝါရီ

 

ကမ္ဘာ့ဆံပင်အရှည်ဆုံးဆုပိုင်ရှင် အသက် ၁၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသူ နီလန်ရှီ ပတ်တယ် ဟာ ဂရင်းနစ်မှတ်တမ်းကို နှစ်နှစ်ဆက်တိုက် စံချိန်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။   ၂၀၁၈ ခုနှစ်က သူ့ရဲ့ ဆံပင်အရှည်ဟာ ၁၇၀ ဒသမ ၅ စင်တီမီတာရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ ဆံပင်အရှည်ဟာ ၁၉၀ စင်တီမီတာဖြစ်လာကြောင်း သိရပါတယ်။

 

နီလန်ရှီ ပတ်တယ် ဟာ အသက် ၆ နှစ်အရွယ်မှာ ဆံပင်အလှပြင်ဆိုင်ကို နောက်ဆုံးအကြိမ် သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီအချိန်က ဆံပင်အလှပြင်ဆိုင်မှာ စိတ်တိုင်းကျတဲ့ပြုမူမှု မရရှိတဲ့အတွက် အဲဒီချိန်ကစပြီး ဆံပင်ကို အရှည်ထားခဲ့ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP