အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လေးသန်းကျော်ရှိလာ

နယူးဒေလီ  ၅ စက်တင်ဘာ

အိန္ဒိယနိုင်ငံဟာ ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ လေးသန်းကျော်ရှိလာတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက်ဟာ နေ့စဉ်များပြားလာနေရာ ဒီနေ့မှာတော့ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ လေးသန်းကျော်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒီနေ့ပိုးတွေ့ရှိသူ အရေအတွက်များနေပေမယ့် ကပ်ရောဂါပိုးတွေ့ရှိသူ အများဆုံးနေ့ကို ရောက်ရှိ ပုံမရှိသေးကြောင်း သိရပါတယ်။

စနေနေ့မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၈၆၄၃၂ ဦးရှိကြောင်း ထုတ်ပြန်တဲ့အတွက် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၄၀၂၃၁၇၉ ဦး ရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၆ ဒသမ ၃ သန်း၊ ဘရာဇီးနိုင်ငံမှာ ၄ ဒသမ ၁ သန်း ရှိတဲ့အတွက် အိန္ဒိယနိုင်ငံဟာ ရောဂါပိုးတွေ့ရှိသူ တတိယအများဆုံး နိုင်ငံဖြစ်လာပါတယ်။

အိန္ဒိယနိုင်ငံမှာ ရက်ပေါင်း ၁၃ ရက်အတွင်း ရောဂါပိုးတွေ့ရှိသူ ၁ သန်းကျော်တယ်လို့ ဆိုရမှာဖြစ်တဲ့အတွက် အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတို့ထက် ပိုးတွေ့ရှိသူ များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ကပ်ရောဂါပိုးဟာ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းတဲ့ မြို့ပြဒေသတွေမှာ ကူးစက်မှုများပြားနေသလို မွမ်ဘိုင်းနဲ့ဒေလီလို မြို့ကြီးတွေမှာလည်း ကူးစက်မှုတွေ များပြားနေပါတယ်။

မွမ်ဘိုင်းမြို့တည်ရှိရာ မဟာရာချ်တာပြည်ဟာ တစ်နိုင်ငံလုံးအသွားအလာ ကန့်သတ်ချိန် မတ်လကစပြီး ကပ်ရောဂါပိုးပျံ့ပွားရာ ဗဟိုချက်ဖြစ်နေခဲ့ပါယ်။ စီးပွားရေးပညာရှင်လည်းဖြစ် အစိုးရဲ့အကြံပေးဟောင်းလည်း ဖြစ်တဲ့ ရှာမီကာရာဗီက မဟာရာချ်တာရဲ့ ဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှုကို မထိန်းချုပ်နိုင်ဘဲ အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ထိန်းချုပ် နိုင်မှာမဟုတ်ကြောင်း သူမရဲ့ တွစ်တာမှာရေးသားထားပါတယ်။

MDN

ကိုးကား- AFP