အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်း များလာတဲ့အတွက် လူဦးရေ ၁၂၅ သန်းကို အသွားအလာပြန်လည်ကန့်သတ်

နယူးဒေလီ  ၁၆ ဇူလိုင်

 

အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲမှုလျှော့ချရေးပြည်နယ်တွေထဲက တစ်ခုဟာ ဒီနေ့ (ကြာသပတေးနေ့)  မှာ အသွားအလာပြန်လည်ကန့်သတ် လိုက်ကြောင်း သိရပါတယ်။ 

 

အသွားအလာပြန်လည်ကန့်သတ်လိုက်တဲ့ပြည်နယ်ဟာ နိုင်ငံ့ရဲ့ မြောက်ပိုင်း နီပေါနိုင်ငံနဲ့ ထိစပ်နေတဲ့ ပန်နာပြည်နယ် ဖြစ်ပါတယ်။ အဲဒီပြည်နယ်မှာ ၂၄ နာရီအတွင်းသေဆုံးသူ ၆၀၀ ကျော် ရှိကြောင်း သိရပါတယ်။ 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူပေါင်းဟာ သောကြာသို့မဟုတ် စနေနေ့မှာ တစ်သန်း အထိ ဖြစ်လာနိုင်ပြီး သေဆုံးသူဟာလည်း ၂၅,၀၀၀ အထိ ဖြစ်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ 

 

ဘီဟာပြည်နယ်ဟာလည်း ၁၅ ရက်ကြာအသွားအလာကန့်သတ် လိုက်သလို လူဦးရေ ၁၃ သန်း နေထိုင်တဲ့ ဘန်ကော က လည်း သီတင်းတစ်ပတ်ကြာ အသွားအလာကန့်သတ်လိုက်ပါတယ်။ 

 

ဘီဟာပြည်နယ်မှာ ကျောင်းတွေ၊ ဘုရားကျောင်းတွေ ၊ကလပ်တွေ နဲ့ အရေးမကြီးတဲ့ ပစ္စည်းရောင်းဝယ်တဲ့ ဆိုင်တွေအားလုံးကို ပိတ်ထားရန် အမိန့်ထုတ်ထားပေမယ့် ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေတော့ ဆက်လက်လုပ်ကိုင်ခွင့်ရှိနေပါတယ်။ အများသုံးယာဉ်တွေ ကို ပိတ်ထားပေမယ့် ပုဂ္ဂလိက ကားတွေတော့ ဆက်လက် သွားလာခွင့်ရှိနေပါတယ်။ 

 

ဂိုယာပြည်နယ်မှာတော့ ကြာသပတေးနေ့ ညနေပိုင်းမှာ စပြီး သုံးရက် အသွားအလာကန့်သတ်ပြီး ဩဂုတ် ၁၀ ရက်နေ့အထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန်အတွက် မျက်နှာဖုံးဝတ်ဆင်ခြင်း မလိုက်နာတဲ့ လူပေါင်း ၄၀,၀၀၀ ကျော်ဟာ ဒဏ်ကြေးပေးဆောင်ရပါတယ်။ ဂိုယာမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၀,၀၀၀ နီးပါးရှိလာပြီဖြစ်ပါတယ်။ 

 

အိန္ဒိယနိုင်ငံမှာ ဗိုင်းရပ်စ်တွေ့ရှိသူ စုစုပေါင်း ၉၇၀,၀၀၀ နီးပါးရှိပြီး ပါကစ္စတန်နိုင်ငံမှာ ၂၆၀,၀၀၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၅၀,၀၀၀ အသီးသီးရှိနေတာကို တွေ့ရပါတယ်။ 

 

MDN
ကိုးကား - AFP