အိန္ဒိယနိုင်ငံမှာ မိုးကြိုးထိမှန်ပြီး အနည်းဆုံး ၁၀၇ ဦးသေဆုံး

နယူးဒေလီ  ၂၆  ဇွန်

 

 

အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်း ဒေသတွေမှာ မိုးကြိုးထိမှန်ပြီး အနည်းဆုံး ၁၀၇ ဦး မနေ့က သေဆုံးကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။

 

 

နိုင်ငံအရှေ့ပိုင်းရှိ ဘီဟာပြည်နယ်မှာ ၈၃ ဦး မိုးကြိုးထိမှန် သေဆုံးပြီး မြောက်ပိုင်းပြည်နယ်ဖြစ်တဲ့ ဉတ္တရာပရာဒေ့ရှ် မှာ ၂၄ ဦး သေဆုံးကြောင်းနဲ့ လူအမြောက်အမြား ဒဏ်ရာရရှိကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

အိန္ဒိယနိုင်ငံတွင် ဇွန်လမှ စက်တင်ဘာလအတွင်း မိုးရာသီမှာ မိုးကြိုးပစ်လေ့ရှိပါတယ်။

 

 

ဘီဟာပြည်နယ် သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဝန်ကြီးက အခုနှစ်ပိုင်း အတွင်းမှာ တစ်နေ့တည်းနဲ့ မိုးကြိုးထိမှန်ပြီး သေဆုံးသူ အများဆုံးဖြစ်ကြောင်း၊ သေဆုံးသူ အရေအတွက်ဟာ ဒီ့ထက်ပိုလာနိုင်ကြောင်း၊ ပြည်နယ် အတွင်းပိုင်းက ပို့လာမယ့် သတင်းတွေကို စောင့်နေသေးကြောင်း ပြောပါတယ်။

 

 

အိန္ဒိယနိုင်ငံ မိုးလေဝသဌာမှ ထုတ်ပြန်ချက်အရ ဘီဟာပြည်နယ်မှာ သောကြာနဲ့ စနေနေ့တွေမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း သိရပါတယ်။

 

 

ဝန်ကြီးချုပ်မိုဒီက သေဆုံးသူတွေရဲ့ မိသားစုတွေနဲ့ ထပ်တူဝမ်းနည်းကြောင်း၊ ပြည်နယ်အစိုးရတွေက အရေးပေါ် ကယ်ဆယ်ရေးတွေကို လုပ်ဆောင်နေကြောင်း ကြာသပတေးနေ့ ညပိုင်းက တွစ်တာမှာ ရေးသားထားပါတဘ်။

 

 

အိန္ဒိယနိုင်ငံမှာ ၂၀၁၈ ခုနှစ်က မိုးကြိုးထိမှန်ပြီး လူပေါင်း ၂,၃၀ဝ ကျော် သေဆုံးခဲ့ပါတယ်။

 

 

မိုးရာသီဟာ တောင်အာရှနိုင်ငံတွေအတွက် ရေပေးဝေရေးမှာ အဓိကဖြစ်ပေမယ့် ရေလျှံမှုကြောင့် နှစ်စဉ် သေဆုံးမှုတွေ ရှိနေသလို ဒေသတွင်းမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်လေ့ရှိပါတယ်။

 

 

MDN

ကိုးကား - AFP