အိန္ဒိယနိုင်ငံမှာ သုံးထပ် အဆောက်အအုံ တစ်လုံး  ပြိုကျခဲ့မှုကြောင့် သေဆုံးသူ ၃၉ ဦးထိရှိလာ

၂၃ စက်တင်ဘာ

 

 

အိန္ဒိယနိုင်ငံ အနောက်ပို ဘဟီဝမ်ဒီမြို့ရှိ သုံးထပ် အဆောက်အအုံ တစ်လုံး တနင်္လာနေ့က ပြိုကျခဲ့ရာ ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာတော့ သေဆုံးသူဟာ ၃၉ ဦး ထိရှိလာကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ကြေညာပါတယ်။

 

သုံးထပ် အဆောက်အအုံဟာ တနင်္လာနေ့ နံနက်အစောပိုင်းမှာ ပြိုကျခဲ့တာဖြစ်ပြီး လူ ၂၀ ကို  အသက်ရှင်လျှက် ကယ်ဆယ်နိုင်ခဲ့ကြောင်းနဲ့ ကယ်ဆယ်ရေး တပ်ဖွဲ့တွေအတူ အနံ့ခံခွေးတွေပါ အသုံးပြုပြီး ကယ်ဆယ်ဆောင်ရွက်ခဲ့ရာ သေဆုံးနေတဲ့ ခန္ဓာကိုယ် ၃၉ ဦးကို အပြိုအပျက်တွေကြားမှ ရရှိပြီးဖြစ်ကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ် ကယ်ဆယ်ရေး အဖွဲ့ NDRF က ပြောပါတယ်။

 

 

မွမ်ဘိုင်း ဝန်းကျင်မှာ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အတွက် ဒီနေ့ ရထားခရီးစဉ်အချို့ ဖျက်သိမ်းလိုက်သလို ခရီးစဉ်အချို့ အချိန်ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။

 

 

မွမ်ဘိုင်းမြို့ရဲ့ အိမ်နီးချင်း ဘဟီဝမ်ဒီမြို့က အဆောက်အအုံဟာ ဘာကြောင့် ပြိုကျတယ်ဆိုတာကို စုံစမ်းနေကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ မုတ်သုန်ရာသီဖြစ်တဲ့ ဇွန်လမှ စက်တင်ဘာလ အတွင်းမှာ အဆောက်အအုံတွေ ပြိုကျလေ့ရှိပါတယ်။

 

 

ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းကလည်း မွမ်ဘိုင်းမြို့ရဲ့‌ တောင်ဘက်ရှိ မဟတ်မြို့မှာ ၄၇ ထပ်မြင့် အဆောက်အအုံ တစ်ခု ပြိုကျခဲ့တဲ့အတွက် လူပေါင်း ၁၆ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

 

 

အိန္ဒိယနိုင်ငံမှာ ၂၀၂၀ မုတ်သုန်ရာသီနဲ့ ဆက်စပ်ပြီး သဘာဝ ဘေးအန္တရာယ်တို့ကြောင့် သေဆုံးသူဟာ ၈၀၀ ကျော်သွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

 

MDN

ကိုးကား - AFP