အိန္ဒိယနိုင်ငံမှာ ဦးနှောက်အဖျားဝင်ရောဂါနဲ့ ရက်ပေါင်း ၂၁ ရက်အတွင်း ကလေး ၁၂၀ နီးပါး သေဆုံး

၂၁ ဇွန် 

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း မူဇာဖာပူး ဒေသရှိ ကလေးဆေးရုံမှာ ဦးနှောက်အဖျားရောဂါနဲ့ ကလေး ၁၂၀ နီးပါး ဟာ ရက်ပေါင်း ၂၁ ရက် အတွင်း သေဆုံးခဲ့ကြောင်းသိရပါတယ်။ ဒေသအတွင်းရှိ ကလေးဆေးရုံ ရရှီ ခရစ်နာ မှာ ဇွန်၁ ရက်နေ့မှ စပြီး ၂၁ အတွင်း သေဆုံးကြောင်းသတင်းတွေမှာ  တွေ့နေရပါတယ်။ 

 

mdn

 

ကလေးငယ်တွေ သေဆုံးနေခြင်းဟာ လိုင်ချီးသီး နဲ့ အပူရှိန်ကြောင့် ဆိုပေမယ့် နောက်ကွယ်မှာ ဆင်းရဲမွဲတေမှုနဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှုကြောင့်လို့ ဒေသခံတွေက ဝေဖန်နေပါတယ်။ အဲဒီဒေသမှာ အိမ်သာမရှိခြင်း၊ သောက်သုံးရေသန့် မရှိခြင်းနဲ့ ချက်ပြုတ်ရန် ဂတ်စ် မီးဖို့မရှိခြင်း၊ သက်ကယ်မိုးထားတဲ့ တဲတွေနဲ့ ရွာအဖြစ် တည်ဆောက်နေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် နှာရည်ယိုနေတဲ့ ကလေးတွေဟာ အဝတ်အပြည့်အစုံဝတ်ဆင်ထားခြင်း မရှိဘဲ ကွင်းပြင်မှာ ဆော့ကစားနေကြရပါတယ်။ အပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ကို လွှတ်မြောက်ကို လျှပ်စစ်မီးရှိပေမယ့် ပန်ကာတောင် မရှိတဲ့နေရာဖြစ်တယ်လို့ ပြောပါတယ်။ 

 

mdn

 

အဲဒီဒေသမှာ လူပေါင်း တစ်သိန်းမှာ ကျန်းမာရေးလုပ်သား ၂ ဦးသာရှိပါတယ်။ အိန္ဒိယနိုင်ငံရဲ့ တခြားဒေသတွေမှာ လူတစ်သိန်းကို ကျန်းမာရေးလုပ်သား ၉ ဦးရှိပါတယ် ဟိန္ဒူစတန်နီ သတင်းစာမှာ ရေးသားထားပါတယ်။

လိုင်ချီးသီးကြောင့် ကလေးငယ်တွေ သေဆုံးတယ်လို့ ပစ်တင်မယ်ဆိုရင်တောင် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု သာရရှိခဲ့မယ်ဆိုရင် သေဆုံးမှု မရှိနိုင်ဘူးလို့ ပညာရှင်တွေက ဝေဖန်ထောက်ပြပါတယ်။ 

MDN
ကိုးကား-AFP

 

mdn