စက်တင်ဘာ ၁၈
အိန္ဒိယနိုင်ငံမြောက်ပိုင်းဉတ္တရာပရာဒေ့ရှ်ပြည်နယ်တွင် လူနေအိမ်ပြိုကျမှုကြောင့် ကလေးသုံးဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဝင်တစ်ဦးက သတင်းထောက်များကို စက်တင်ဘာ ၁၆ ရက်က အတည်ပြုပြောသည်။
အဆိုပါပြည်နယ်မြို့တော် လက်ခ်နောင်းရှိ အာလမ်ဘတ်ဒေသအနီး မီးရထားဌာနအတွင်းရှိ နေအိမ်ပြိုကျမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုနေအိမ်သည်မကြာသေးမီကပင်နေထိုင်ရန်မသင့်လျော်ကြောင်း ကြေညာချက်ထုတ်ပြန်ထားသောနေအိမ်ဖြစ်သော်လည်း ၎င်းမိသားစုသည် ယင်းနေအိမ်မှာပင်ဆက်လက်နေထိုင်ခဲ့ကြသည်။ ၎င်းမိသားစုအိပ်ပျော်နေချိန်တွင် နေအိမ်ပြိုကျခဲ့ခြင်းဖြစ်သည်။ ယင်းနေအိမ်ပြိုကျမှုကြောင့် ကလေးသုံးဦးနှင့် မိဘနှစ်ဦးတို့ သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။ ဒဏ်ရာရရှိသူများကို ဒေသတွင်း ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို