ဇန်နဝါရီ ၈
အိန္ဒိယနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ယာဉ်မတော်တဆမှုများဖြစ်ပွားမှုကြောင့် လူပေါင်း ၁၈၀၀၀၀ နီးပါးသေဆုံးခဲ့ရာ ထိုသေဆုံးသူများအနက် သေဆုံးသူ ၃၀၀၀၀ သည် ဆိုင်ကယ်စီးဦးထုပ်ဆောင်းခြင်းမရှိပဲ ဆိုင်ကယ်စီးနင်းသူများ ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီး Nitin Gadkari က ပြောကြားသည်။
ယာဉ်မတော်တဆဖြစ်ပွားမှုများကြောင့် သေဆုံးသူများ၏ ၆၆ ရာခိုင်နှုန်းသည် အသက် ၁၈ နှစ်မှ ၃၄ နှစ်အတွင်း အရွယ်ရှိသူများဖြစ်သည်ဟု ၎င်းကဆိုသည်။
အဆိုပါယာဉ်မတော်တဆမှုများဖြင့်သေဆုံးခဲ့ရသူများအနက် သေဆုံးသူ ၁၀၀၀၀ ခန့်မှာ ကျောင်းသားများဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို