အိန္ဒိယနိုင်ငံ၌ ၅၄၃ ရက်တာကာလအတွင်း‌ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ အနိမ့်ဆုံးကျဆင်း

နယူးဒေလီ နိုဝင်ဘာ ၂၄

 

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၅၇၈ ဦး ရှိခြင်းကြောင့် လက်ရှိတွင် ကူးစက်ခံရသူပေါင်း ၃၄၅၂၆၄၈၀ ရှိလာကြောင်းနှင့် အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူ အရေအတွက်သည် ၅၄၃ ရက်တာကာလအတွင်း အနိမ့်ဆုံးကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

 

သေဆုံးသူပေါင်း ၄၆၆၁၄၇ ဦးရှိ ထို့ပြင် အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၃၆ ဦး ထပ်တိုးလာခြင်းကြောင့် သေဆုံးသူပေါင်း ၄၆၆၁၄၇ ဦးရှိလာကြောင်း သိရသည်။ ။

 

အိန္ဒိယနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာပေါင်း ၁၁၃၅၈၄ ဦးရှိကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

 

ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦးရှိ

အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၂၂၀၂ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၃၃၉၄၆၇၄၉ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အလင်းသစ်