အိန္ဒိယနိုင်ငံ၌ အိုမီခရွန် XE  ဗိုင်းရပ်စ်ကူးစက်လူနာ ပထမဦးဆုံးတွေ့ရှိ

ဧပြီ ၇

 အိန္ဒိယနိုင်ငံတွင် အိုမီခရွန် XE  ဗိုင်းရပ်စ်ကူးစက်လူနာ ပထမဦးဆုံးတွေ့ရှိခဲ့သည်ဟု မြို့တော် မွမ်ဘိုင်းတွင် ယမနနေ့က ကြေညာထားကြောင်း ဒေသခံမီဒီယာက ပြောကြားသည်။

ယခုတွေ့ရှိသော ဗိုင်းရပ်စ်သည် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ထက် ပိုမိုကူးစက်လွယ်သည်ဟု ယူဆရသည်။ အဆိုပါဗိုင်းရပ်စ်ကို ဗြိတိန်နိုင်ငံတွင် ပထမဦးဆုံးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏အဆိုအရ  အိုမီခရွန် BA.2 မျိုးကွဲထက် ၁၀ ရာခိုင်နှုန်းနီးပါး ပိုမိုကူးစက်လွယ်ကြောင်းသိရသည်။

ယခုအချိန်အထိကူးစက်မှုဖြစ်ပွားခဲ့သော  ကိုဗစ်-၁၉ မျိုးကွဲတို့တွင် အိုမီခရွန် BA.2 မျိုးကွဲသည် ကူးစက်မှုအများဆုံးမျိုးကွဲအဖြစ် သတ်မှတ်ခံရသည်ဟု ထိုမီဒီယာကဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို