အိန္ဒိယနိုင်ငံ၌ ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုကြောင့် ခုနစ်ဦးသေဆုံး

မတ် ၁၉

အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ဆောက်လုပ်ဆဲအဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့သဖြင့် ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြားသောလူတစ်ဒါဇင်နီးပါးဒဏ်ရာရရှိကြောင်း ဒေသတွင်းရဲတပ်ဖွဲ့ဝင်တစ်ဦးက ယမန်နေ့ကအတည်ပြုပြောကြားသည်။ အဆိုပါအဆောက်အအုံပြိုကျမှုသည် ယင်းပြည်နယ်၏မြို့တော်ကိုလ်ကတ္တားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအဆောက်အအုံတည်ဆောက်ရာတွင် အသုံးပြုထားသော ဆောက်လုပ်ရေးသုံးပစ္စည်းများ စံချိန်မမှီခြင်းကြောင့် အဆောက်အအုံပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မီဒီယာကဖော်ပြထားသည်။ ၎င်းအဆောက်အအုံ ဆောက်လုပ်ရာတွင်ပါဝင်သောအင်ဂျင်နီယာနှစ်ဦးအား ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားကြောင်း ထပ်လောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို